လာလည်ကြတဲ့ သူငယ်ချင်းများအားလုံး မင်္ဂလာအပေါင်းနှင့် ပြည်စုံကြပါစေ...

Saturday, January 1, 2011

ချစ်သူအပြုံး

ချစ်သူ့အပြုံးထဲမှာ
ဖြူစင်တဲ့နှလုံးသားနဲ့
ရိုးသားတဲ့ ချစ်ခြင်းတရားတွရှိတယ်။
ချစ်သူ့အပြုံးထဲမှာ
ချိုသာတဲ့စကားလုံးတွေနဲ့
နွေးထွေးတဲ့ ကြင်နာခြင်းတွေရှိတယ်။
ချစ်သူ့အပြုံးထဲမှာ
ဂရုစိုက်မှုအပြည့်နဲ့
နူးညံ့တဲ့အထိအတွေ့တွေရှိတယ်။
ချစ်သူ့အပြုံးထဲမှာ
တစ်သက်စာ မျှော်လင့်ခြင်းနဲ့
နောက်ပြန်မဆုတ်တဲ့ အချိန်တွေ ရှိတယ်။
ချစ်သူ့အပြုံးထဲမှာ သံဃောဇဉ်အနှောင်အဖွဲ့နဲ့
တွယ်ငြိနေတဲ့ ငါ့နှလုံးသားရှိတယ်။

Saturday, October 23, 2010

လှည့်စားသူ


ချစ်တယ်ဆိုတဲ့
စကားလေးနှစ်ခွန်းကိုပြောဖို့
နင့်နှုတ်ခမ်းက ဆွံ့အမယ်မှန်း
ငါမသိခဲ့ဘူး..
ကောင်မလေးရယ်..
ကမ္ဘာဦးအစက
ဘာမှနားမလည်တဲ့….
အာဒံရဲ့ချစ်သူ
ဧ၀ကတောင် အာဒံကိုချစ်တယ်လို့
နှုတ်ကမပြောခဲ့ပေမယ့်…
အမူအရာတွေနဲ့ပြခဲ့သေးတယ်လေ..
နင်ကတော့…
င့ါကို….
ချစ်တယ်ဆိုတဲ့အမူအရာလေးတောင်
မပြခဲ့ပါလား…
ကောင်မလေးရယ်
မချစ်နိုင်ရင်နေပါ..
မလှည့်စားပါနဲ့….
နင့်ရဲ့အယောင်ဆောင်ကြင်နာမှုတွေက
ငါ့အတွက်တော့…
နာကြင်မှုတွေပဲဖြစ်စေလို့ပါ…..

Sunday, June 20, 2010

တစ်ဖက်သက်

တစ်ဖက်သက်
င့ါရဲ့ရင်ခုန်သံတွေကို
နင်ကြားမှာပါ...
တစ်ဖက်သတ်
င့ါရဲ့ချစ်ခြင်းတွေကို
နင်သိမှာပါ.....
တစ်ဖက်သတ်
နင့်အတွက်င့ါရဲ့
မျှော်လင့်ချင်းတွေကို
နင်မြင်နိုင်မှာပါ..
တစ်ဖက်သက်ရင်ခုန်ခြင်းတွေကို
တစ်ဖက်သက်ရင်ခုန်ဖူးသူတွေမှ
သိကြတာပါ....
နင့်အတွက်
င့ါရဲ့ရင်ခုန်ခြင်းတွေကတော့
တစ်ဘ၀စာအတွက်ဆိုတာ
ချစ်သောနင်သိပါစေ........

Tuesday, June 15, 2010

နှုတ်ဆက်ချိန်

နောက်ဆုံးသောနှုတ်ဆက်ချိန်မှာ
ငါတို့နှစ်ယောက်ရဲ့
မျက်ဝန်းတွေဆီမှာ..
မျက်ရည်မိုးတွေရွာသွန်းလို့ပေါ့...
ငါအရမ်းချစ်ရဲ့သားနဲ့
စွန့်လွှတ်လိုက်ရမှာကို
ဝမ်းနည်းဆုံးအရာပါ..
ငါတို့နှစ်ယောက်က
မချစ်လို့လမ်းခွဲခဲ့တာမှ
မဟုတ်ပဲဟာ...
ချစ်ရဲ့သားနဲ့ လမ်းခွဲခဲ့ကြတာပါ...
အနာပြီးအနာ
ဒဏ်ရာပြီးဒဏ်ရာဆိုတော့
တစ်ခါတစ်ခါ
ကျောခိုင်းထားချင်ပြီ။
အခုတော့လည်း..
ပုံမှန်အချိန်ရောက်ရင်..
ဖုန်းနားမှာပဲထိုင်နေမိတယ်...
ဖုန်းလေးကတော့
အထီးကျန်လို့နေခဲ့ပြီပေါ့...

Saturday, May 22, 2010

မိုင်းကိုင်မြို့လေးရဲ့ ကြေကွဲဖွယ် မှတ်တမ်း တစ်ပုဒ် (သို့မဟုတ်) ခွန်ဆမ်လောနဲ့ နန်းဦးပြင်*

မိုင်းကိုင် - တောင်ကြီးကနေမိုင်းကိုင်ကို သွားမယ်ဆိုရင်....
မိုင်တရာကျော်ဝေးပါတယ်...။ ရှမ်းတောင် ကနေပြီး.. ရှမ်းအရှေ့ဘက်ကို သွားတဲ့
လမ်းအတိုင်းသွားမယ်ဆိုရင်တော့....တောင်ကြီး>ဟိုပုံး>မိုင်းပွန်>လွယ်လွိုင်
အထိသွားပြီး.. လွယ်လွိုင်မြို့မှ.. လမ်းခွဲထွက်ကာ..ပင်လုံ > လဲချား>
မိုင်းကိုင်..မြို့ကိုရောက်ပါတယ်.. ။ နန်းဦးပြင်နေတဲ့မြို့ပေါ့...။

ခွန်ဆမ်လောကတော့ ကုန်သည်တဦးဖြစ်ပြီး... ကျိုင်းတောင်း မြို့မှာနေတာဖြစ်ပါတယ်...

ကျိုင်းတောင်းမှ.. မိုင်းကိုင်ကိုလာမယ်ဆိုရင်...
ရှမ်းအရှေ့ဘက်ကနေ.. ရှမ်းတောင်ကို လာတဲ့ လမ်းအတိုင်း.. ကျိုင်းတောင်း> နမ့်စန်>
လွိုင်လင်> ပင်လုံ >လဲချား> မိုင်းကိုင် မြို့ကိုရောက်ပါတယ်..
ကြားထဲမှာ..မိုင် ၁၀၀ ကျော်ဝေးပါတယ်..။တရွာသူ နန်းဦးပြင်ကို ချစ်ကြိုက်မိတဲ့
ခွန်ဆမ်လောဟာ
မိုင်တစ်ရာကျော်ခရီးကို မြင်း စီးပြီး လူပျိုလှည့်ခဲ့ပါသတဲ့။
သူတို့ ချစ်သူ နှစ်ဦးဟာ
နမ့်တိန်းချောင်းကလေးအနီးမှာ...ဆုံတွေ့ပြီး ချစ်စကားပြောလေ့ရှိကြတယ်..။
နံဘေးက နမ့်တိန်းချောင်းရေစီးသံ ကဆူညံနေတဲ့အတွက် ချစ်သူ ခွန်ဆမ်လောပြောတဲ့
ချစ်စကား
လေးတွေကို.. နန်းဦးပြင်လေးဟာ ကေင်းကောင်း မကြားရဘူးဖြစ်နေပါတယ်။
ဒီအခါ နန်းဦးပြင်ဟာ “ နမ့်တိန်းချောင်းရယ်.. ပီဆမ်လောပြောလာမဲ့စကားကို
နားထောင်ပါအုံး...မဆူနဲ့ ”လို့ပြောတော့တာပေါ့။
အဲဒါနဲ့ နမ့်တိန်းချောင်းလေးဟာနန်းဦးပြင် အလိုကျ တိတ်ဆိတ်
ငြိမ်သက်သွားလိုက်တာ.....ခုချိန်အထိတိုင်အောင်
ရေစီးသံ မကြားရတော့ဘူးလို့ ဆိုပါတယ်..။
နန်းဦးပြင်ပြောလိုက်လို့..နန့်တိန်းချောင်းဟာ
ငြိမ်သက်သွားတယ်လို့ခေတ်အဆက်ဆက်လက်ခံ
ယူဆ ခဲ့ကြပါတယ်..။
မိုင်းကိုင်မြို့ရဲ့ ထူးခြားချက်တွေထဲက တစ်ခုဆိုပါတော့။

ခွန်ဆမ်လောကို... ခွန်ဆမ်လော အမေက သူ့ရွာမှာ..သွက်သွက်လက်လက် ရှိတဲ့နန်းဦးပျဉ်း
နဲ့တိတ်တဆိတ်သဘောတူထားတာပါ...။
ခွန်ဆမ်လောကို နန်းဦးပျဉ်းနဲ့လက်ထပ်ပေးမယ်လို့လဲ.. နန်းဦးပျဉ်းကို
ကတိပေးထားတာပေါ့..။ ခွန်ဆမ်လော ကတော့
သူ့ချစ်သူ နန်းဦးပြင်ကိုပဲ လက်ထက်နိုင်မယ်လို့ပြောပြီး.. နန်းဦးပြင်ကိုပဲ...
လက်ထပ်ပြီး.. သူနေတဲ့ ကျိုင်းတောင်းမြို့လေးကို ခေါ်ဆောင်လာသတဲ့..။
ဒါကြောင့်ခွန်ဆမ်လောရဲ့ အမေက နန်းဦးပျဉ်းကိုပေးထားတဲ့ ကတိ နန်းဦးပြင်ကြောင့်
ပျက်ရတယ်
ဆိုပြီးတော့ နန်းဦးပြင်ကို မနှစ်သက်၊ မကြည်ဖြူ ပါဘူး.. ။
ဒါကြောင့် ခွန်ဆမ်လောရဲ့ အမေဟာ နန်းဦးပြင်လေး အိမ်မှာ မနေနိုင်အောင်.. အိမ်ပေါ်က
ဆင်းသွားအောင်.. ခွန်ဆမ်လော.. အိမ်မှာမရှိတဲ့ အခိုက်... နန်းဦးပြင်
စားမဲ့ထမင်းထဲမှာ.. ဆူးတွေ ထည့်ထားတာတို့ ၊
ကောက်ညင်းဆန်ကို..အပ်တွေထည့်ပြီးပေါင်း.. ပြီးမှ နန်းဦးပြင်ကို
ခူးခိုင်းတာ...စသဖြင့်
နည်းပေါင်းစုံနဲ့ နန်းဦးပြင်လေးကို အမျိုးမျိုးနှိပ်စက်ပါတော့တယ်.. ။
နန်းဦးပြင်လေးကတော့... ခွန်ဆမ်လောကို
ချစ်လွန်းတာကြောင့်..ဘယ်လိုနည်းနဲ့နှိပ်စက် နှိပ်စက် ခင်ပွန်းသည် ခွန်ဆမ်လော
စိတ်မကောင်းဖြစ်မှာစိုးလို့.... ဖွင့်မပြောပဲနဲ့.ကြိုတ်မှိတ်ပြီးနေရှာပါတယ်...။

သိပ်စိတ်ဆင်းရဲလာတဲ့ အခါမျိုးမှာ ဆို နန်းဦးပြင်လေးဟာ
အိပ်ယာထဲမှာ တယောက်ထဲတိတ်တဆိတ် ခိုး,ခိုးငိုရရှာပါ သတဲ့...။
ဒီလိုနဲ့ ... နန်းဦးပြင်ဟာ.. ခွန်ဆမ်လောရဲ့
ရင်သွေးကိုလွယ်ဖို့ဖြစ်လာပါတော့တယ်.... ။
နှစ်ယောက်သား ကြည့်နူးနေကြတာပေါ့... ဒါပေမဲ့ကိုယ်ဝန်အရင့်အမာ ဖြစ်နေတဲ့
အချိန်မှာတော့.. ခွန်ဆမ်လောက.. ကုန်သွယ်သွားရမဲ့
အချိန်နဲ့တိုက်ဆိုင်နေပါတော့တယ်..။ ခွန်ဆမ်လောကတော့....
ကလေးမမွေးခင်မှာ.အချိန်မှီ ပြန်လာခဲ့မယ်လို့.. နန်းဦးပြင်ကို ကတိတွေ ပေးပြီး..
ခရီးထွက်ခဲ့သတဲ့..။ ခွန်ဆမ်လော ခရီးထွက်သွားတာနဲ့တပြိုင်နက် .ခွန်ဆမ်လော အမေက
နန်းဦးပြင်လေးကို ထုံးစံ အတိုင်း နှိပ်စက်ပြန်ပါတော့တယ်... ။
ကိုယ်ဝန်နဲ့အရင့်မာ ဖြစ်နေတဲ့... နန်းဦးပြင်ကို လှေကားက ပြုတ်ကျအောင်ဆိုပြီး..
လှေကားကို
ပြုတ်ခံနီးအထိ တမင်ဖြုတ်ထားသတဲ့..။ ဒါကိုမသိတဲ့ နန်းဦးပြင်က လှေကားကနေဆင်းတော့
ပြုတ်ကျတော့တာပေါ့..။ ဒီတစ်ကြိမ်မှာတော့ နန်းဦးပင် ခမျာ... မိန်းခလေး
လဲဖြစ်တဲ့ အလျှောက်အားငယ်ပြီး.. သူ့အဖော်နဲ့...
သူ့အမေတွေဆီကိပြန်သွားပါတော့တယ်...။
ကိုယ်ဝန်ကလဲ အရင့်အမာနဲ့ဆိုတော့.. လမ်းခရီး..တ၀က်မှာပဲ..ဗိုက်အရမ်းနာလာပြီး...
ကလေးကို ပါလာတဲ့ အဖော်အကူညီနဲ့ပဲ
မွေးဖွားခဲ့ပါတော့တယ်... ။ သို့ပေမဲ့ ကံဆိုးချင်တော့..
ကလေးကအသက်မရှင်ခဲ့ပါဘူး..။
ဒီတော့ နန်းဦးပြင်က စိတ်နှလုံး ထိခိုက်ကြေကွဲစွာနဲ့
“သြော်.. ကံဆိုးလှတဲ့ သားလေးရယ်... နင့်အဖေမျက်နှာကိုတောင် မြင်ခွင့်မရှိပဲ...
လူ့လောက ကနေပြန်လည်ထွက်ခွာသွားရပြီ... နင့်အဖေကိုသွားရှာပါတော့... ” ဆိုပြီး..
ဝါးနှစ်ပင်ရဲ့ ခွကြားမှာ.. တင်ထားခဲ့လိုက်ပါတယ်..။
အဲဒီ ကလေးဟာ.. သေဆုံးသွားပြီး.. ဥသြ ဌက်လေး ဖြစ်သွားသတဲ့... ဒါကြောင့်
သူ့အသံလေးဟာ..
“ပေါ့ဝေ့” (အဖေရေ)လို့ကြားနေရတယ်....။ သူ့အဖေ
ခွန်ဆမ်လောကို...အော်ခေါ်ပြီးလိုက်ရှာ... နေတာလို့..ဆိုကြပါတယ်။
ဒီလိုနဲ့ နန်းဦးပြင်ဟာ..ခရီးကလည်း ပန်း....မီးဖွားပြီးကားစ
လည်းဖြစ်..ရင်သွေးလေး ကလည်း အသက်မရှင် စတဲ့အမျိုးအမျိုး သော
ဒုက္ခဝေဒနာတွေကြောင့် စိတ်ထိခိုက်ပင်ပန်းပြီး
အိမ်ရောက်တာနဲ့.... သေဆုံးသွားရှာပါတယ်..။
နန်းဦးပြင်ဟာ.. သူမ မသေဆုံးခင်မှာ...မိုင်းကိုင်သူတွေ သူ့လိုအဖြစ်ဆိုးနဲ့
ကြုံရမှာစိုးရိမ်ရှာ
တဲ့အတွက်... “မိုင်းကိုင် သူတွေ သူ့လိုမျိုး... အလုံးစုံမပြည့်စုံပါစေနဲ့...
ချို့ယွင်းချက်တခုအမြဲတမ်းရှိနေပါစေ...။
မိုင်းကိုင်က ထွက်တဲ့ ပစ္စည်းတွေအားလုံး သူများတွေထက် အရည်အသွေးကောင်းပါစေ..။ ”
ဆိုပြီး..ကျိန်စာတိုက်ခဲ့ပြီးဆုံးသွားသတဲ့...။
ခွန်စံလောဟာ..ကုန်သွယ်ရာကနေပြန်ရောက်လာတော့...နန်းဦးပြင်သတင်းကိုကြားကြားချ
င်း...
ချက်ချင်းမိုင်းကိုင်ကို မြင်းနဲ့ အပြေးလာခဲ့ပါတယ်..။ အလာကောင်းပေမဲ့
အခါညောင်းသွားခဲ့ပါပြီ... နန်းဦးပြင်လေးဟာ.. သေဆုံးသွားခဲ့ပါပြီ..
ခွန်ဆမ်လောဟာ.. နန်းဦးပြင်တို့အိမ်ကိုရောက်တော့..
ရွာသူရွာသားတွေက..ခွန်ဆမ်လောကို နန်းဦးပြင်အိမ်ထဲပေးမ၀င်ပါဖူး..
နန်းဦးပြင်အလောင်းကိုမပြချင်လို့... တံခါးဝမှာ.. ၀ိုင်းပိတ်ထားကြတယ်..။
ခွန်ဆမ်လောလဲ သူကုန်သွယ်ရာက ရလာတဲ့ ငွေဒင်္ဂါးငွေကို ကြဲလိုက်ပါတယ်တဲ့..။
သူ့ကိုဝိုင်းပိတ်တဲ့ သူတွေက ငွေင်္ဂါးကိုကိုဝိုင်လုကောက်နေကြတဲ့ အချိန်မှာမှ..
ခွန်ဆမ်လောအိမ်ထဲကိုဝင်ပါတော့တယ်...။ အိမ်ပေါ်ရောက်တော့..
နန်းဦးပြင်အလောင်းကိုတွေ့တော့တာပေါ့....။
ခွန်ဆမ်လောဟာ.. အရမ်းစိတ်ထိခိုက် ကြေကွဲသွားပြီး..
သူ့မှာပါလာတဲ့.. ဆောင်ဓါးနဲ့ပဲ.. သူ့ကိုယ်သူ... အဆုံးစီရင်လိုက်ပါတော့တယ်...
နန်းဦးပြင်အလောင်းပေါ်လဲကျသွားပြီး.....
နန်းဦးပြင်အလောင်းပေါ်မှာပဲသေဆုံးသွားပါတော့တယ်...။
ခွန်ဆမ်လော ဆုံးတဲ့ သတင်းကြားတော့...
ခွန်ဆမ်လောအမေဟာ..အနောက်နေလိုက်လာတာပေါ့...။
သူတို့အလောင်း... ယှဉ်ရက်... ပြင်ထားတာကိုတွေ့တော့.အရမ်းစိတ်ဆိုးသွားပြီး...
နန်းဦးပြင်ကိုအမုန်း မပြေသေးတာကြောင့် သူ့မှာပါလာ တဲ့
ဝါးထမ်းပိုးနဲ့... အလောင်းနှစ်ခုရဲ့ ကြားကို ချထားပြီး ခြားလိုက်ပါတယ်တဲ့..
နောက်ဘ၀မှာလဲ သူတို့ နှစ်ယောက်ပြန်မဆုံနိုင်ပါစေနဲ့..
ဆိုပြီး..ကျိန်လိုက်ပါတယ်..။
အဲ့ထမ်းပိုးကိုလဲ....သူတို့ကိုမြုပ်တဲ့နေရာအထိယူဆောင်သွားပြီး...
အလောင်းမြုပ်တဲ့နေရာမှာလဲ...လိုက်ခြားလိုက်တယ်တဲ့..။
ပြီးတော့ ထမ်းပိုးကို နေရာ ရွေ့ မသွားအောင်အာင် စို့
နဲ့ ခိုင်ခိုင်မာမာ ထိုးစိုက်ထား ပြန်ပါသေး တယ်။
ခွန်ဆမ်လောနဲ့ နန်းဦးပြင်တို့ဟာ သေဆုံးသွားပြီးတဲ့နောက်မှာ ကောင်းကင်မှာ
ကြယ်ကလေး တွေ ဖြစ်သွားကြပါသတဲ့..။
သို့သော်လည်းအမေ ဖြစ်သူရဲ့ ကြီးမားတဲ့ အမုန်း
အာဃာတ ကြောင့် ကြယ်ကလေး တွေ ဘဝမှာ တောင် ချစ်သူနှစ်ဦးဟာ
အေးချမ်းစွာပေါင်းဆုံခွင့် မရကြရှာပါဘူး...။
ခွန်ဆမ်လော ရဲ့ အမေ ကြားမှာ
ခြားပေးလိုက်တဲ့ဝါးထမ်းပိုးဟာ အဆစ်သုံးဆစ်ပါရှိတဲ့အတွက် ကြယ်သုံးလုံး
(မောင်ရင်ဆိုင်းထမ်းကြယ်) အဖြစ် သူတို့ နှစ်ဦးကြားမှာ တန်းကာ ခြားနားထား
လို့မပေါင်းဆုံနိုင်ကြပဲ ရှိပြန်ပါသတဲ့။
ဝါးထမ်းပိုးရဲ့ အဆစ်တဆစ်ဟာ ကြယ်တလုံးအနေဖြစ်ကိုယ်စားပြုတာပေါ့..။
အဆစ်၃ ဆစ်ဆိုတော့.. ၃ လုံးပေါ့ စို့ နဲ့ ရိုက်ထားတဲ့နေရာက တော့ မှေးမှိန်နေတဲ့
ကြယ်တန်း စွေစောင်းစောင်းလေးအဖြစ်
အေဲဒီထမ်းပိုးသဏ္ဍာန် ကြယ်သုံးလုံး ရဲ့ အောက်ခြေ နားမှာ စို့သဖွယ်တည်ရှိနေတာကို
ယနေ့တိုင် မြင်တွေ့နေရဆဲ ဖြစ်ပါတယ်။
နှစ်ပေါင်းများစွာ.. ကြာပေမဲ့ ခုထိတိုင် နန်းဦးပြင်ရဲ့ အိမ်မြေကွက်နေရာဟာ..
ဘာအပင်မှ မပေါက်ရောက်ပဲ..၊
မပျောက်ပျက်ပဲတည်ရှိနေပါသေးတယ်...။ မိုင်းကိုင်မြို့ရဲ့အရှေ့ မနီးမဝေးမှာ
တည်ရှိနေပါတယ်...။
နန်းဦးပြင်ရဲ့..မြေကွက်ဘေးတွင်.. စေတီတဆူ ကိုတည်ထားကိုးကွယ်ထားပါတယ်...။
မိုင်းကိုင် မြို့ကိုအလည်အပတ်များရောက်ဖြစ်ရင်..
သွားရောက်လေ့လာဖို့တိုက်တွန်းလိုက်ချင်ပါတယ်...။

Friday, September 18, 2009

တစ်ချိန်ကချစ်သူ...

မေ့လိုက်ပါပြီလို့ပြောတဲ့သူကို သတိရလွန်းလို့ မနေနိုင်တော့လွန်းလို့ဆက်သွယ်မိတာ မှားတယ်ဆိုလည်း ခံဖို့အသင့်ပါပဲ။ နေနိုင်အောင်နေမယ်လို့ဘယ်လိုပဲ စဉ်းစားထား...စဉ်းစားထား... အနှောက်အယှက်ပေး ချင်တာတော့မဟုတ်ပါဘူး။ဒါပေမယ့် မင်းကိုမြင်မိလားလို့ သွေးရူးသွေးတန်း ငါလူတိုင်းကိုလိုက်မေးနေမိတယ်
မင်းကတော့ ငါသွေးအေးနေတယ်လို့ထင်ကောင်းထင်လိမ့်မယ်။ငါ့ရဲ့ဘာမေလ်းမှမလာ..ဘာဖုန်းမှမလာ...
ငါဖုန်းဆက်လိုက်ရင် အနှောက်အယှက်ဖြစ်သွားမလား.. ငါပို့လိုက်တဲ့မေးလ်ကြောင့်.. မင်းစိတ်မကောင်းဖြစ်သွား မလား။မင်းကိုမေးလ်ပို့ရင် ငါရင်တွေပွင့်ထွက်မိလိမ့်မယ်..ငါ့မေးလ်ကြောင့် မင်းရဲ့ဆုံးဖြတ်ချက်ကို မမှားယွင်းစေ ချင်ခဲ့ဘူး။အသနားခံသလိုဖြစ်ပြီး မင်းဆုံးဖြတ်ချက်ကို ဘယ်အရာကြောင့်မှ မမှားစေချင်ဘူး။ ငါ့ရင်ထဲကစေတနာ တွေ မင်းမြင်နိုင်ရင် ငါကျေနပ်ပါတယ်။ ငါလေ... ဒါပေမယ့် တနေရာကနေငါ့ကိုချစ်နေတဲ့ မင်းအချစ်တွေကြောင့် ငါနေပျော်ခဲ့ပါတယ်..ခုတော့ ငါ့ကိုအမြင်တွေစောင်းပြီး နာကျည်းမုန်းတီးသွားတဲ့မင်းကြောင့်..ငါ့ဘ၀မှာ ငါတကယ်မနေပျော်တော့ဘူး.မင်းယုံချင်မှယုံလိမ့်မယ်။မင်းယုံကြည်မှာမဟုတ်လို့ငါမပြောပြချင်ဘူး..ဒါပေမယ့် ငါ့ရင်ထဲမှာအရမ်းတင်းကျပ်နေပြီ.မင်းများဘယ်အချိန်အွန်လိုင်းမှာ ဘွားခနဲပေါ်လာမလဲလို့ ငါစောင့်ကြည့်နေမိ တယ်။ တကယ်မင်းပေါ်လာရင်လည်း...ငါ ဘာမှပြောမှာမဟုတ်ပါဘူး။ ငါ့ကြောင့်မင်းး စိတ်ညစ်သွားမှာ.. စိတ်ရှုပ်သွားမှာ စိုးရိမ်တယ်..ငါ့မျှော်လင့်ချက်တွေမဲ့နေသလိုပဲ..ငါမင်းဆီကဘာမှမမျှော်လင့်ရဲတော့ဘူး
မင်းအခုလောက်ငါ့အပေါ်ပြတ်သားနိုင်သွားတာ.....ဘာ့ကြောင့်များလဲ…ငါဆက်မတွေးရဲဘူး...ငါအချိန်တိုင်းမင်းအကြောင်းတွေးနေတယ်ဆို မင်းက ခနဲ့ပြီးရယ်ဥိးမှာမဟုတ်လား။ ငါပြင်ဆင်လို့မရတဲ့ဘ၀တခုမှာပဲ ငါကိုယ်ငါ မင်းကိုတိတ်တဆိတ်သတိရနေဦးမှာပါ…ဒါပေမယ့်..မင်းသိခြင်း မသိခြင်းတွေကတော့....ငါကံတရားပေါ့…..
ငါ့ရင်တွေကတော့ ပူဆဲပါပဲနောက်ပြီး ငါခံစားမှုတခုကို ခံစားလိုက်ရတယ်။ မင်းရှိနေခဲ့တဲ့အချိန်တွေကိုတမ်းတမိပါ တယ်။ အေးအေးလေးနဲ့ နေပူပူအောက်မှာ မင်းနဲ့ငါ တချိန်က...အတူတူဆိုတာတွေ... အဲခံစားချက်ကိုငါလို ချင်တယ်..မျက်စိလေးမှိတ်ပြီး မင်းကငါ့ဘေးမှာလို့ စိတ်ကူးယဉ်လိုက်ချင်တယ်..ခဏတာကြည်နူးမိတာမှန်ပေမယ့် တကယ်မဟုတ်ဘူးဆိုတာကိုသိလိုက်ရချိန်မှာ ငါရင်ထဲ လွမ်းလာတယ်။နောက်ပြီး မင်းငါ့ကိုမချစ်တော့ဘူးဆိုတာ ထိတ်လန့်စွာ အသိဝင်လာချိန်မှာတော့…ငါ့ရင်တွေနာကျင်နေအောင်.....ငါခံစားလိုက်ရ တယ်..တချိန်တုန်းကနမ်းခဲ့ဖူးတဲ့ပါးပြင်လေး ငါ့စိတ်တွေ ကမင်းဆီပဲရောက်ရောက်နေတယ်.. ငါ့မင်းရင်ထဲကစိတ်ကို အနီးအနားကပ်လာပြီးပြေးကြည့်မိတာခဏခဏပဲ။ဒါပေမယ့်...မင်းပျောက်နေတယ်နော်.. မင်းဘယ်မှာလဲ တချိန်ကချစ်သူကောင်မလေးရယ်။ ငါလွမ်းလွန်းလို့သေတော့မယ်လို့ မရှက်တမ်းပြောရင် မင်း...ငါ့ကိုအပြစ်တင်ဥိးမှာလား...မင်းပြောတဲ့စကားလုံးဒဏ်တွေကိုငါကြောက်တယ်။မင်းနဲ့ဆုံချင်ပေမယ့်...မဆုံရဲဘူး..မင်းအသံကြားချင်ပေမယ့် ... ဖုန်းမဆက်ရဲဘူး။ပြောင်းလဲသွားတဲ့မင်းကို....ငါရင်မဆိုင်ရဲဘူး..
တကယ်လို့မင်းသာပြတ်ပြတ်သားသားတခုခုပြောလိုက်ရင် အဖြစ်မှန်ပါဆိုတာ ငါကိုယ်ငါ လက်မခံရဲဘူး
အချစ်တစ်ခုမှာ..နှစ်ဦးနှစ်ဖက်ချစ်နေမှ….ရည်းစားဖြစ်နေမှ….ချစ်ခွင့်ရှိနေတာမဟုတ်ပါဘူး..နှလုံးသားကတစိမ့်စိမ့်မြတ်နိုးနေပြီး..အတူရှိခဲ့ဖူးတဲ့အချိန်တွေကိုတမ်းတရင်း..ကျေနပ်ပြီး ချစ်နေလို့ရတယ်ဆိုတာကို နင်ဘာလို့မ တွေးမိတာလဲ… အစကတည်းက မလှပတဲ့ ဇာတ်သိမ်းကိုကြိုသိခဲ့ရင် နှလုံးသားကို အလိုမလိုက်ခဲ့ပါဘူး။ ချစ်တတ်ကြသူတိုင်းဟာ “ပျော်ရွှင်စွာ ပေါင်းစည်းကြလေသတည်း”ဆိုတဲ့ ဇာတ်သိမ်းမျိုး ကိုတော့တောင့်တ တတ်ကြစမြဲပဲလေ..။ဒါပေမယ့်။ဝေးကွာခြင်းဆိုတဲ့ ရလဒ်တစ်ခုသာအလိုမတူပဲ ပိုင်ဆိုင်ခဲ့ရတယ်..။ဘာ့ကြောင့်များ မာယာတွေကို သယ်ပိုးထားရတာလဲ..။ ရင်ငွေ့နဲ့သွန်းတဲ့ အချစ်တစ်ခုမှာ အဆိပ်တွေပါဝင်နေမှန်း ရင်ဘတ်တစ်
ခုလုံး ကြေမွသွားမှပဲ သိလိုက်ရတယ်..။ ဒါပေမယ့်လည်းကြိုးစားဖြေသိမ့်ခဲ့ပါတယ်.။ မပြည့်စုံမှုတွေ သာ ပြည့်စုံနေတဲ့ဘ၀မှာ အချစ်တစ်ခု အလွယ်တကူ ပျောက်ဆုံးသွားခြင်းအတွက် ထူးဆန်းပြီးနာကျင်နေဖို့မ သင့်တော့ပါဘူးလို့ပေါ့။ ဘ၀က ထင်ထားတာထက်နိမ့်ပါးတယ်..။ ရုပ်ရှင်တွေထဲကလို ချစ်သူအတွက် မျက်ရည်တွေကျပြီး အနစ်နာခံ စွန့်လွှတ်ခဲ့တာ မဟုတ်ပေမယ့် ချစ်သူရွေးချယ်သွားတဲ့လမ်းအတွက် အယူခံမ၀င်ခဲ့တာ ချစ်သူအတွက်ပေးဆပ်မှု သက်သက်ပါ..။ တည်ငြိမ်လွန်းလှတာမဟုတ်ဘူးနော်..။ ဒီလိုဇာတ်ကွက်မျိုးအတွက် ကြိုတင် ပြင်ဆင်မထားခဲ့တာ အမှန်ပါ.။ ဆုတောင်းတိုင်းဘာလို့မပြည့်ခဲ့တာလဲ…
ချန်ထားရစ်လို့ ထွက်သွားသူကတော့ ခံစားမှု သက်သာမှာပါ၊ ကျန်ခဲ့သူအနေနဲ့ ကတော့ အလွမ်းဖြေရာ အစားထိုးဖြေဖျောက်စရာ အဖြစ် မရှိ၊ အခွင့် မရှိ ရင်တော့ ပိုလို့တောင်လွမ်းရမှာပါ။ တစ်ချို့ကံတရားက လက်လွတ်ဆုံးရှုံးဖို့ စီရင်လာပြီးသားပါ။ တစ်ချို့ဖူးစာကပေါင်းစပ်ဖို့ ကံပါမလာခဲ့ဘူး။ လူတစ်ယောက်ကို ချစ်တာ ရယူပိုင်ဆိုင်မှမဟုတ်ပါဘူး။ ဒါပေမဲ့ လူတစ်ယောက်ကို ရယူပိုင်ဆိုင်ပြီးရင်တော့ကောင်းကောင်း တန်ဖိုးထား ချစ်တတ်ရမယ်ဆိုပေမယ့် အခု တန်ဖိုးမထားတတ်ခဲ့လို့လား….အခုလိုလောကကြီးကဒဏ်ခတ်ခဲ့တာလား…. လိမ်ညာခြင်းဆိုတာခွင့်မလွတ်နိုင်တဲ့ အပြစ်တစ်ခုတဲ့။ တစ်ချို့လိမ်ညာခြင်းက ဘ၀တစ်ခုကိုပျက်သုန်းစေခဲ့တယ်။ တစ်ချို့လိမ်ညာခြင်းက ဘ၀တစ်ခုကို အပျော်တွေနဲ့ပြီးဆုံးစေခဲ့တယ်။ ငါကရော….ဘယ်လိုအဆုံးသတ်လဲ….
တို့နှစ်ယောက်တကယ်ကို...ဝေးခဲ့ကြပြီလား...ထားခဲ့တဲ့လမ်းမခွဲကြေးကတိတွေ...ထားခဲ့ကြတဲ့သစ္စာတွေ...ပေးခဲ့ဖူးတဲ့အနမ်းလေးတွေကို....မင်းတကယ်ကိုမေ့လို့ရပြီလား........ဘာပဲဖြစ်ဖြစ်ပါ..ငါကတော့မင်းကိုမေ့လို့မရနိုင်ဘူး ဆိုတာ..မင်းသိစေချင်ပါတယ်…ဖြစ်နိုင်ရင်ပြန်လာခဲ့ပါ…..ငါတို့နှစ်ယောက်ကြားမှာ အချိန်ဆိုတဲ့အခက်အခဲကလွဲ လို့ ဘာပြသနာမှကြီးကြီးမားမားမရှိခဲ့ဘူးလေ…ပြန်လာခဲပါ.အဲဒါလေးကို နင်နားလည်ပေးနိုင်ခဲ့တယ်ဆိုရင်ပေါ့……
မပေးနိုင်ခဲ့တဲ့အချိန်တွေအတွက်တောင်းပန်ပါတယ်……မရှိခြင်းတွေသာရှိတော့တဲ့ဘ၀မှာပေးခဲ့ဘူးတဲ့အချစ်တစ်ခုအတွက်ကျေးဇူးတင်ပါတယ်..။ ……တစ်သက်စာထာဝရအတွက်….အရမ်းချစ်ပါတယ်….


တချိန်က….မောင်…..

Monday, May 4, 2009

စွန့်လွှတ်ခြင်းဆိုတာ.....

သူနဲ့ကျွန်တော် စသိခဲ့တာ (၂၀၀၈)ခုနှစ်ရဲ့ဒီဇင်ဘာလမှာပေါ့....စတင်သိရှိခဲ့တာကတော့ သူငယ်ချင်းတစ်ယောက်ရဲ့ မေးလ်ထဲကနေ ပေါ့.....အဲဒါသူ့ကိုစတင်လိမ်ညာခြင်းတွေထဲက ပထမလိမ်ညာခြင်းပေါ့.....ငါ့သူငယ်ချင်းအဖြစ်ဟန်ဆောင်ပြီး သူ့ကိုပြောခဲ့ တယ်...ဒါပေမယ့် လိမ်ညာခြင်းကို ကြာရှည်စွာ ဖုံးမထားနိုင်ခဲ့တဲ့ငါက တစ်ချိန်မှာ ဖွင့်ပြောလိုက်တယ်.....ငါပါလို့......ဒါပေမယ့် သူဆက်လက်ခင်ခဲ့တယ်....အဲဒီကနေပဲ သူနဲ့ငါ သူငယ်ချင်းတွေဖြစ်ခဲ့ကြတယ်.......အချစ်ဆုံးသူငယ်ချင်းတွေပေါ့.....အဲဒီက နေစပြီး င့ါရင်ခုန်သံတွေမြန်ခဲ့တယ်.....ငါ့နာမည်က လင်းလင်း.....ငါနဲ့အချစ်ဆုံးသူငယ်ချင်းကတော့ ကိုးကိုးတဲ့.....သူနဲ့ငါ ဖုန်း ပြောခဲ့တယ်...ဒီဇင်ဘာညတွေမှာပေါ့.......သူကျောင်းသွားတက်တော့လဲ စာချင်းအဆက်အသွယ်ရှိခဲ့ကြတယ်....တစ်ယောက် နဲ့တစ်ယောက် ခင်ခင်မင်မင်ရှိခဲ့ကြတယ်.....ဘယ်လောက်ခင်တဲ့သူငယ်ချင်းပဲဖြစ်ပါစေတစ်ခါတစ်ခါတော့ စိတ်အခန့်မသင့် တာတော့ရှိတာပေါ့.......ဒါပေမယ့် ခဏပါပဲ......တစ်ယောက်နဲ့တစ်ယောက် မေးလ်းချင်းအပြန်အလှန်စစ်ခဲ့ကြတယ်....ဖွင့် ကြည့်ခဲ့ကြတယ်....တစ်ယောက်အကြောင်း တစ်ယောက်ရင်ဖွင့်ခဲ့ကြတယ်.......လူချင်းမမြင်ဖူးပေမယ့် စိတ်ချင်းရင်းနှီးခဲ့ကြ တယ်... ဒါပေမယ့် အဲဒီနှစ်ယောက်ကြားကို အချစ်ဆိုတဲ့မုန်တိုင်းဝင်ရောက်တိုက်ခတ်ခဲ့တယ်......ကောင်လေးက ကောင်မ လေးကိုတခြားကောင်လေးတွေနဲ့စကားပြောရင်မကြိုက်ခဲ့ဖူး.....အူတိုခဲ့တယ်....သ၀န်တိုခဲ့တယ်......ဒါတွေကိုကောင်လေးက နောက်သတိထားမိလာတယ်.....သူ့ကိုယ်သူပြန်ဆန်းစစ်ကြည့်တော့ ကောင်မလေးကို သူချစ်သွားပြီတဲ့.....ကောင်လေးမှာ နှလုံးရောဂါရှိတယ်...အဲဒါကိုကောင်မလေးကိုသူဖွင့်မပြောခဲ့ဘူး.. ပြောလိုက်ရင် ကောင်မလေးစိတ်ညစ်မှာစိုးလို့တဲ့…..ကောင် လေးက ကောင်မလေးကို အမြဲတမ်းလိမ်ညာခဲ့တယ်…….ဒါမှသူ့စကားကိုကောင်မလေးကမယုံတော့မှကိုး…..ပြီးတော့ကောင် လေးက ကောင်မလေးကို ချစ်တယ်လို့ပြောရင် ကောင်မလေးကမယုံတော့မှာကိုး…..ဒါဆိုရင်ကောင်မလေးစိတ်ညစ်မှာမဟုတ် တော့ဘူးလေ…..အဲဒါကြောင့်….လိမ်ညာခဲ့တယ်….ထင်တဲ့အတိုင်းပဲ ကောင်လေးချစ်တာကိုကောင်မလေးကမယုံခဲ့ဘူး …ကောင်လေးကရည်းစားများခဲ့လို့လဲပါမယ်ထင်တယ်……..ကောင်မလေးမယုံခဲ့ပါဘူး…..စိတ်မညစ်ရတော့ဘူးပေါ့….ဒါပေ မယ့်ကောင်လေးကတော့ ဘယ်လောက်ခံစားရလဲဆိုတော့ ရောဂါတိုးတဲ့အထိပဲ……ကောင်လေးရောဂါကတစ်နေ့တခြား ဆိုး လာတယ်….ဒါတွေကိုကောင်မလေးမသိခဲ့ပါဘူး…….သိခဲ့အောင်လဲမပြောခဲ့ဘူး…ကောင်မလေးစိတ်မကောင်းဖြစ်မှာစိုးလို့လေ..ကောင်မလေးစိတ်ညစ်တာကိုမလိုလားခဲ့တဲ့ကောင်လေး…ကောင်မလေးကိုကြိုက်နေတဲ့နောက်ထပ်ကောင်လေး တစ်ယောက်ရှိတယ်….သူနာမည်ကနေလ.. နေလနေ ကောင်မလေးကို ရက်ရက်စက်စက်ပြောလိုက်တဲ့အခါမှာ ကောင်မလေးစိတ်မကောင်းဖြစ်ရတယ်……ကောင်မလေးကလဲသူ့ကိုသနားချစ်နဲ့ချစ် နေပါပြီ။…..ဒါကို နေလက မသိပဲပြောလိုက်တာ….ကောင်မလေးစိတ်မကောင်းဖြစ်ရတော့လဲ ကောင်လေးလဲခံစားရပါပြီ…..ဒီအခါမှာ ကောင်လေးက နေလနဲ့ ကောင်မလေးကို အောင်သွယ်လုပ်ပေးလိုက်ပါတယ်……နေလနဲ့ကောင်မလေးအဆင်ပြေသွားပါပြီ……ကောင်လေးက လဲကောင်မလေးစိတ်မကောင်းမဖြစ်စေဖို့ နှလုံးသားလဲရင်းခဲ့ပါပြီ…….အဆုံးသတ်မှာတော့………..ကောင်လေးရဲ့လုပ်ရပ်ကိုမှား တယ်လို့ တချို့ကထင်ချင်ထင်လိမ့်မယ်…..ဒါပေမယ့် ကောင်လေးကတော့ သူ့လုပ်ရပ်အတွက် နောင်တမရခဲ့ပါဘူး……..