လာလည်ကြတဲ့ သူငယ်ချင်းများအားလုံး မင်္ဂလာအပေါင်းနှင့် ပြည်စုံကြပါစေ...

Friday, September 18, 2009

တစ်ချိန်ကချစ်သူ...

မေ့လိုက်ပါပြီလို့ပြောတဲ့သူကို သတိရလွန်းလို့ မနေနိုင်တော့လွန်းလို့ဆက်သွယ်မိတာ မှားတယ်ဆိုလည်း ခံဖို့အသင့်ပါပဲ။ နေနိုင်အောင်နေမယ်လို့ဘယ်လိုပဲ စဉ်းစားထား...စဉ်းစားထား... အနှောက်အယှက်ပေး ချင်တာတော့မဟုတ်ပါဘူး။ဒါပေမယ့် မင်းကိုမြင်မိလားလို့ သွေးရူးသွေးတန်း ငါလူတိုင်းကိုလိုက်မေးနေမိတယ်
မင်းကတော့ ငါသွေးအေးနေတယ်လို့ထင်ကောင်းထင်လိမ့်မယ်။ငါ့ရဲ့ဘာမေလ်းမှမလာ..ဘာဖုန်းမှမလာ...
ငါဖုန်းဆက်လိုက်ရင် အနှောက်အယှက်ဖြစ်သွားမလား.. ငါပို့လိုက်တဲ့မေးလ်ကြောင့်.. မင်းစိတ်မကောင်းဖြစ်သွား မလား။မင်းကိုမေးလ်ပို့ရင် ငါရင်တွေပွင့်ထွက်မိလိမ့်မယ်..ငါ့မေးလ်ကြောင့် မင်းရဲ့ဆုံးဖြတ်ချက်ကို မမှားယွင်းစေ ချင်ခဲ့ဘူး။အသနားခံသလိုဖြစ်ပြီး မင်းဆုံးဖြတ်ချက်ကို ဘယ်အရာကြောင့်မှ မမှားစေချင်ဘူး။ ငါ့ရင်ထဲကစေတနာ တွေ မင်းမြင်နိုင်ရင် ငါကျေနပ်ပါတယ်။ ငါလေ... ဒါပေမယ့် တနေရာကနေငါ့ကိုချစ်နေတဲ့ မင်းအချစ်တွေကြောင့် ငါနေပျော်ခဲ့ပါတယ်..ခုတော့ ငါ့ကိုအမြင်တွေစောင်းပြီး နာကျည်းမုန်းတီးသွားတဲ့မင်းကြောင့်..ငါ့ဘ၀မှာ ငါတကယ်မနေပျော်တော့ဘူး.မင်းယုံချင်မှယုံလိမ့်မယ်။မင်းယုံကြည်မှာမဟုတ်လို့ငါမပြောပြချင်ဘူး..ဒါပေမယ့် ငါ့ရင်ထဲမှာအရမ်းတင်းကျပ်နေပြီ.မင်းများဘယ်အချိန်အွန်လိုင်းမှာ ဘွားခနဲပေါ်လာမလဲလို့ ငါစောင့်ကြည့်နေမိ တယ်။ တကယ်မင်းပေါ်လာရင်လည်း...ငါ ဘာမှပြောမှာမဟုတ်ပါဘူး။ ငါ့ကြောင့်မင်းး စိတ်ညစ်သွားမှာ.. စိတ်ရှုပ်သွားမှာ စိုးရိမ်တယ်..ငါ့မျှော်လင့်ချက်တွေမဲ့နေသလိုပဲ..ငါမင်းဆီကဘာမှမမျှော်လင့်ရဲတော့ဘူး
မင်းအခုလောက်ငါ့အပေါ်ပြတ်သားနိုင်သွားတာ.....ဘာ့ကြောင့်များလဲ…ငါဆက်မတွေးရဲဘူး...ငါအချိန်တိုင်းမင်းအကြောင်းတွေးနေတယ်ဆို မင်းက ခနဲ့ပြီးရယ်ဥိးမှာမဟုတ်လား။ ငါပြင်ဆင်လို့မရတဲ့ဘ၀တခုမှာပဲ ငါကိုယ်ငါ မင်းကိုတိတ်တဆိတ်သတိရနေဦးမှာပါ…ဒါပေမယ့်..မင်းသိခြင်း မသိခြင်းတွေကတော့....ငါကံတရားပေါ့…..
ငါ့ရင်တွေကတော့ ပူဆဲပါပဲနောက်ပြီး ငါခံစားမှုတခုကို ခံစားလိုက်ရတယ်။ မင်းရှိနေခဲ့တဲ့အချိန်တွေကိုတမ်းတမိပါ တယ်။ အေးအေးလေးနဲ့ နေပူပူအောက်မှာ မင်းနဲ့ငါ တချိန်က...အတူတူဆိုတာတွေ... အဲခံစားချက်ကိုငါလို ချင်တယ်..မျက်စိလေးမှိတ်ပြီး မင်းကငါ့ဘေးမှာလို့ စိတ်ကူးယဉ်လိုက်ချင်တယ်..ခဏတာကြည်နူးမိတာမှန်ပေမယ့် တကယ်မဟုတ်ဘူးဆိုတာကိုသိလိုက်ရချိန်မှာ ငါရင်ထဲ လွမ်းလာတယ်။နောက်ပြီး မင်းငါ့ကိုမချစ်တော့ဘူးဆိုတာ ထိတ်လန့်စွာ အသိဝင်လာချိန်မှာတော့…ငါ့ရင်တွေနာကျင်နေအောင်.....ငါခံစားလိုက်ရ တယ်..တချိန်တုန်းကနမ်းခဲ့ဖူးတဲ့ပါးပြင်လေး ငါ့စိတ်တွေ ကမင်းဆီပဲရောက်ရောက်နေတယ်.. ငါ့မင်းရင်ထဲကစိတ်ကို အနီးအနားကပ်လာပြီးပြေးကြည့်မိတာခဏခဏပဲ။ဒါပေမယ့်...မင်းပျောက်နေတယ်နော်.. မင်းဘယ်မှာလဲ တချိန်ကချစ်သူကောင်မလေးရယ်။ ငါလွမ်းလွန်းလို့သေတော့မယ်လို့ မရှက်တမ်းပြောရင် မင်း...ငါ့ကိုအပြစ်တင်ဥိးမှာလား...မင်းပြောတဲ့စကားလုံးဒဏ်တွေကိုငါကြောက်တယ်။မင်းနဲ့ဆုံချင်ပေမယ့်...မဆုံရဲဘူး..မင်းအသံကြားချင်ပေမယ့် ... ဖုန်းမဆက်ရဲဘူး။ပြောင်းလဲသွားတဲ့မင်းကို....ငါရင်မဆိုင်ရဲဘူး..
တကယ်လို့မင်းသာပြတ်ပြတ်သားသားတခုခုပြောလိုက်ရင် အဖြစ်မှန်ပါဆိုတာ ငါကိုယ်ငါ လက်မခံရဲဘူး
အချစ်တစ်ခုမှာ..နှစ်ဦးနှစ်ဖက်ချစ်နေမှ….ရည်းစားဖြစ်နေမှ….ချစ်ခွင့်ရှိနေတာမဟုတ်ပါဘူး..နှလုံးသားကတစိမ့်စိမ့်မြတ်နိုးနေပြီး..အတူရှိခဲ့ဖူးတဲ့အချိန်တွေကိုတမ်းတရင်း..ကျေနပ်ပြီး ချစ်နေလို့ရတယ်ဆိုတာကို နင်ဘာလို့မ တွေးမိတာလဲ… အစကတည်းက မလှပတဲ့ ဇာတ်သိမ်းကိုကြိုသိခဲ့ရင် နှလုံးသားကို အလိုမလိုက်ခဲ့ပါဘူး။ ချစ်တတ်ကြသူတိုင်းဟာ “ပျော်ရွှင်စွာ ပေါင်းစည်းကြလေသတည်း”ဆိုတဲ့ ဇာတ်သိမ်းမျိုး ကိုတော့တောင့်တ တတ်ကြစမြဲပဲလေ..။ဒါပေမယ့်။ဝေးကွာခြင်းဆိုတဲ့ ရလဒ်တစ်ခုသာအလိုမတူပဲ ပိုင်ဆိုင်ခဲ့ရတယ်..။ဘာ့ကြောင့်များ မာယာတွေကို သယ်ပိုးထားရတာလဲ..။ ရင်ငွေ့နဲ့သွန်းတဲ့ အချစ်တစ်ခုမှာ အဆိပ်တွေပါဝင်နေမှန်း ရင်ဘတ်တစ်
ခုလုံး ကြေမွသွားမှပဲ သိလိုက်ရတယ်..။ ဒါပေမယ့်လည်းကြိုးစားဖြေသိမ့်ခဲ့ပါတယ်.။ မပြည့်စုံမှုတွေ သာ ပြည့်စုံနေတဲ့ဘ၀မှာ အချစ်တစ်ခု အလွယ်တကူ ပျောက်ဆုံးသွားခြင်းအတွက် ထူးဆန်းပြီးနာကျင်နေဖို့မ သင့်တော့ပါဘူးလို့ပေါ့။ ဘ၀က ထင်ထားတာထက်နိမ့်ပါးတယ်..။ ရုပ်ရှင်တွေထဲကလို ချစ်သူအတွက် မျက်ရည်တွေကျပြီး အနစ်နာခံ စွန့်လွှတ်ခဲ့တာ မဟုတ်ပေမယ့် ချစ်သူရွေးချယ်သွားတဲ့လမ်းအတွက် အယူခံမ၀င်ခဲ့တာ ချစ်သူအတွက်ပေးဆပ်မှု သက်သက်ပါ..။ တည်ငြိမ်လွန်းလှတာမဟုတ်ဘူးနော်..။ ဒီလိုဇာတ်ကွက်မျိုးအတွက် ကြိုတင် ပြင်ဆင်မထားခဲ့တာ အမှန်ပါ.။ ဆုတောင်းတိုင်းဘာလို့မပြည့်ခဲ့တာလဲ…
ချန်ထားရစ်လို့ ထွက်သွားသူကတော့ ခံစားမှု သက်သာမှာပါ၊ ကျန်ခဲ့သူအနေနဲ့ ကတော့ အလွမ်းဖြေရာ အစားထိုးဖြေဖျောက်စရာ အဖြစ် မရှိ၊ အခွင့် မရှိ ရင်တော့ ပိုလို့တောင်လွမ်းရမှာပါ။ တစ်ချို့ကံတရားက လက်လွတ်ဆုံးရှုံးဖို့ စီရင်လာပြီးသားပါ။ တစ်ချို့ဖူးစာကပေါင်းစပ်ဖို့ ကံပါမလာခဲ့ဘူး။ လူတစ်ယောက်ကို ချစ်တာ ရယူပိုင်ဆိုင်မှမဟုတ်ပါဘူး။ ဒါပေမဲ့ လူတစ်ယောက်ကို ရယူပိုင်ဆိုင်ပြီးရင်တော့ကောင်းကောင်း တန်ဖိုးထား ချစ်တတ်ရမယ်ဆိုပေမယ့် အခု တန်ဖိုးမထားတတ်ခဲ့လို့လား….အခုလိုလောကကြီးကဒဏ်ခတ်ခဲ့တာလား…. လိမ်ညာခြင်းဆိုတာခွင့်မလွတ်နိုင်တဲ့ အပြစ်တစ်ခုတဲ့။ တစ်ချို့လိမ်ညာခြင်းက ဘ၀တစ်ခုကိုပျက်သုန်းစေခဲ့တယ်။ တစ်ချို့လိမ်ညာခြင်းက ဘ၀တစ်ခုကို အပျော်တွေနဲ့ပြီးဆုံးစေခဲ့တယ်။ ငါကရော….ဘယ်လိုအဆုံးသတ်လဲ….
တို့နှစ်ယောက်တကယ်ကို...ဝေးခဲ့ကြပြီလား...ထားခဲ့တဲ့လမ်းမခွဲကြေးကတိတွေ...ထားခဲ့ကြတဲ့သစ္စာတွေ...ပေးခဲ့ဖူးတဲ့အနမ်းလေးတွေကို....မင်းတကယ်ကိုမေ့လို့ရပြီလား........ဘာပဲဖြစ်ဖြစ်ပါ..ငါကတော့မင်းကိုမေ့လို့မရနိုင်ဘူး ဆိုတာ..မင်းသိစေချင်ပါတယ်…ဖြစ်နိုင်ရင်ပြန်လာခဲ့ပါ…..ငါတို့နှစ်ယောက်ကြားမှာ အချိန်ဆိုတဲ့အခက်အခဲကလွဲ လို့ ဘာပြသနာမှကြီးကြီးမားမားမရှိခဲ့ဘူးလေ…ပြန်လာခဲပါ.အဲဒါလေးကို နင်နားလည်ပေးနိုင်ခဲ့တယ်ဆိုရင်ပေါ့……
မပေးနိုင်ခဲ့တဲ့အချိန်တွေအတွက်တောင်းပန်ပါတယ်……မရှိခြင်းတွေသာရှိတော့တဲ့ဘ၀မှာပေးခဲ့ဘူးတဲ့အချစ်တစ်ခုအတွက်ကျေးဇူးတင်ပါတယ်..။ ……တစ်သက်စာထာဝရအတွက်….အရမ်းချစ်ပါတယ်….


တချိန်က….မောင်…..

Monday, May 4, 2009

စွန့်လွှတ်ခြင်းဆိုတာ.....

သူနဲ့ကျွန်တော် စသိခဲ့တာ (၂၀၀၈)ခုနှစ်ရဲ့ဒီဇင်ဘာလမှာပေါ့....စတင်သိရှိခဲ့တာကတော့ သူငယ်ချင်းတစ်ယောက်ရဲ့ မေးလ်ထဲကနေ ပေါ့.....အဲဒါသူ့ကိုစတင်လိမ်ညာခြင်းတွေထဲက ပထမလိမ်ညာခြင်းပေါ့.....ငါ့သူငယ်ချင်းအဖြစ်ဟန်ဆောင်ပြီး သူ့ကိုပြောခဲ့ တယ်...ဒါပေမယ့် လိမ်ညာခြင်းကို ကြာရှည်စွာ ဖုံးမထားနိုင်ခဲ့တဲ့ငါက တစ်ချိန်မှာ ဖွင့်ပြောလိုက်တယ်.....ငါပါလို့......ဒါပေမယ့် သူဆက်လက်ခင်ခဲ့တယ်....အဲဒီကနေပဲ သူနဲ့ငါ သူငယ်ချင်းတွေဖြစ်ခဲ့ကြတယ်.......အချစ်ဆုံးသူငယ်ချင်းတွေပေါ့.....အဲဒီက နေစပြီး င့ါရင်ခုန်သံတွေမြန်ခဲ့တယ်.....ငါ့နာမည်က လင်းလင်း.....ငါနဲ့အချစ်ဆုံးသူငယ်ချင်းကတော့ ကိုးကိုးတဲ့.....သူနဲ့ငါ ဖုန်း ပြောခဲ့တယ်...ဒီဇင်ဘာညတွေမှာပေါ့.......သူကျောင်းသွားတက်တော့လဲ စာချင်းအဆက်အသွယ်ရှိခဲ့ကြတယ်....တစ်ယောက် နဲ့တစ်ယောက် ခင်ခင်မင်မင်ရှိခဲ့ကြတယ်.....ဘယ်လောက်ခင်တဲ့သူငယ်ချင်းပဲဖြစ်ပါစေတစ်ခါတစ်ခါတော့ စိတ်အခန့်မသင့် တာတော့ရှိတာပေါ့.......ဒါပေမယ့် ခဏပါပဲ......တစ်ယောက်နဲ့တစ်ယောက် မေးလ်းချင်းအပြန်အလှန်စစ်ခဲ့ကြတယ်....ဖွင့် ကြည့်ခဲ့ကြတယ်....တစ်ယောက်အကြောင်း တစ်ယောက်ရင်ဖွင့်ခဲ့ကြတယ်.......လူချင်းမမြင်ဖူးပေမယ့် စိတ်ချင်းရင်းနှီးခဲ့ကြ တယ်... ဒါပေမယ့် အဲဒီနှစ်ယောက်ကြားကို အချစ်ဆိုတဲ့မုန်တိုင်းဝင်ရောက်တိုက်ခတ်ခဲ့တယ်......ကောင်လေးက ကောင်မ လေးကိုတခြားကောင်လေးတွေနဲ့စကားပြောရင်မကြိုက်ခဲ့ဖူး.....အူတိုခဲ့တယ်....သ၀န်တိုခဲ့တယ်......ဒါတွေကိုကောင်လေးက နောက်သတိထားမိလာတယ်.....သူ့ကိုယ်သူပြန်ဆန်းစစ်ကြည့်တော့ ကောင်မလေးကို သူချစ်သွားပြီတဲ့.....ကောင်လေးမှာ နှလုံးရောဂါရှိတယ်...အဲဒါကိုကောင်မလေးကိုသူဖွင့်မပြောခဲ့ဘူး.. ပြောလိုက်ရင် ကောင်မလေးစိတ်ညစ်မှာစိုးလို့တဲ့…..ကောင် လေးက ကောင်မလေးကို အမြဲတမ်းလိမ်ညာခဲ့တယ်…….ဒါမှသူ့စကားကိုကောင်မလေးကမယုံတော့မှကိုး…..ပြီးတော့ကောင် လေးက ကောင်မလေးကို ချစ်တယ်လို့ပြောရင် ကောင်မလေးကမယုံတော့မှာကိုး…..ဒါဆိုရင်ကောင်မလေးစိတ်ညစ်မှာမဟုတ် တော့ဘူးလေ…..အဲဒါကြောင့်….လိမ်ညာခဲ့တယ်….ထင်တဲ့အတိုင်းပဲ ကောင်လေးချစ်တာကိုကောင်မလေးကမယုံခဲ့ဘူး …ကောင်လေးကရည်းစားများခဲ့လို့လဲပါမယ်ထင်တယ်……..ကောင်မလေးမယုံခဲ့ပါဘူး…..စိတ်မညစ်ရတော့ဘူးပေါ့….ဒါပေ မယ့်ကောင်လေးကတော့ ဘယ်လောက်ခံစားရလဲဆိုတော့ ရောဂါတိုးတဲ့အထိပဲ……ကောင်လေးရောဂါကတစ်နေ့တခြား ဆိုး လာတယ်….ဒါတွေကိုကောင်မလေးမသိခဲ့ပါဘူး…….သိခဲ့အောင်လဲမပြောခဲ့ဘူး…ကောင်မလေးစိတ်မကောင်းဖြစ်မှာစိုးလို့လေ..ကောင်မလေးစိတ်ညစ်တာကိုမလိုလားခဲ့တဲ့ကောင်လေး…ကောင်မလေးကိုကြိုက်နေတဲ့နောက်ထပ်ကောင်လေး တစ်ယောက်ရှိတယ်….သူနာမည်ကနေလ.. နေလနေ ကောင်မလေးကို ရက်ရက်စက်စက်ပြောလိုက်တဲ့အခါမှာ ကောင်မလေးစိတ်မကောင်းဖြစ်ရတယ်……ကောင်မလေးကလဲသူ့ကိုသနားချစ်နဲ့ချစ် နေပါပြီ။…..ဒါကို နေလက မသိပဲပြောလိုက်တာ….ကောင်မလေးစိတ်မကောင်းဖြစ်ရတော့လဲ ကောင်လေးလဲခံစားရပါပြီ…..ဒီအခါမှာ ကောင်လေးက နေလနဲ့ ကောင်မလေးကို အောင်သွယ်လုပ်ပေးလိုက်ပါတယ်……နေလနဲ့ကောင်မလေးအဆင်ပြေသွားပါပြီ……ကောင်လေးက လဲကောင်မလေးစိတ်မကောင်းမဖြစ်စေဖို့ နှလုံးသားလဲရင်းခဲ့ပါပြီ…….အဆုံးသတ်မှာတော့………..ကောင်လေးရဲ့လုပ်ရပ်ကိုမှား တယ်လို့ တချို့ကထင်ချင်ထင်လိမ့်မယ်…..ဒါပေမယ့် ကောင်လေးကတော့ သူ့လုပ်ရပ်အတွက် နောင်တမရခဲ့ပါဘူး……..

Tuesday, April 28, 2009

သိပြီးသားဖြစ်မှာပါ

သူနဲ့သူမ ကုမ္ပဏီရဲ့ ညစာစားပွဲတစ်ခုမှာ ဆုံကြတယ်။ ပညာတတ်၊
ရုပ်ချောနုပျိုတဲ့ သူမက ကုမ္ပဏီမှာ သတင်းမွှေးတယ်။ သူက
သာမန်လူတစ်ယောက်ဖြစ်တယ်။ ပိုးပန်းသူတွေ မနည်းလှတဲ့ သူမကို သူလည်း
စိတ်ဝင်စားနေတာ ကြာပါပြီ။ ညစာစားပွဲ အပြီးမှာ သူမကို ကော်ဖီတိုက်ဖို့
သူဖိတ်ခေါ်ခဲ့တယ်။ ရုတ်တရက် ဖိတ်ခေါ်မှုကို သူမ အံ့သြသွားပေမဲ့ ယဉ်ကျေးမှုကို
မလွန်ဆန်ချင်တဲ့ သူမ ခေါင်းညိတ်လက်ခံခဲ့တယ်။


ကော်ဖီဝိုင်းမှာ သူတို့ ပြောစရာစကား မရှိဖြစ်နေတယ်။ နှစ်ယောက်လုံး
ရှိုးတိုးရှန့်တန့်ဖြစ်နေတယ်။ မြန်မြန် လက်စသတ်ပြီး ထပြန်ဖို့
သူမစိတ်လောနေမိတယ်။ စားပွဲထိုး ကော်ဖီလာချတော့ သူက ရုတ်တရက်
"ကျေးဇူးပြုပြီး ဆားပေးပါ။ ကျွန်တော်က ကော်ဖီသောက်ရင် ဆားထည့်သောက်တဲ့
အကျင့်ရှိလို့" လို့ ပြောတော့ သူမ အံ့သြရုံတင်မက စားပွဲထိုးပါ
ကြောင်သွားတယ်။ သူ့စကားကြားတဲ့ လူတွေရဲ့ မျက်လုံးက သူအပေါ် လာစုနေကြတယ်။
သူ့မျက်နှာ နီမြန်းသွားတော့တယ်။

စားပွဲထိုးပေးလာတဲ့ ဆားကို ကော်ဖီထဲထည့်ဖျော်ပြီး သူဖြေးဖြေးချင်း
သောက်နေတယ်။ "ဘာဖြစ်လို့ ဆားထည့်သောက်တာလဲ" သိချင်စိတ်ကို
မအောင့်နိုင်တဲ့အဆုံး သူမမေးလိုက်မိတယ်။ သူခဏလောက် မှင်သက်သွားတယ်။
ပြီးမှ တစ်လုံးချင်း "ကျွန်တော်တို့က ပင်လယ်ဘေးမှာ နေတယ်။
ကျွန်တော်ငယ်ငယ်တုန်က ပင်လယ်ထဲ အမြဲ ရေဆင်းကူးတယ်။ လှိုင်းပုတ်ရင်
ခါးသက်သက် ပင်လယ်ရေငန်တွေက ပါးစပ်ထဲဝင်လာရော့။ အခု အိမ်မပြန်ဖြစ်တာ
ကြာပြီဆိုတော့ အိမ်ကိုလွမ်းတိုင်း ကော်ဖီထဲ ဆားထည့်သောက်မိတယ်။
အိမ်ရဲ့အကွာအဝေးကို ကျွန်တော်နဲ့ နီးအောင် ဆွဲလိုက်သလိုပေါ့"

သူ့စကားက သူမကို ခံစားမိစေခဲ့တယ်။ ဒါဟာ ယောကျာ်းလေးတစ်ယောက်
အိမ်ကိုလွမ်းတယ်လို့ ပြောတာကို သူမ ပထမဆုံး ကြားဖူးခြင်းပါပဲ။
အိမ်ကိုလွမ်းတဲ့ ယောက်ျားလေးက အိမ်ကို ဂရုစိုက်တတ်တဲ့လူ၊ မိသားစုကို
ချစ်မြတ်နိုးတတ်တဲ့လူလို့ သူမထင်ခဲ့မိတယ်။ သူပြောတဲ့
မိုင်ပေါင်းများစွာဝေးတဲ့ နေရာလေးတစ်ခုအကြောင်းကို သူမနားထောင်ချင်စိတ်
ဖြစ်လာခဲ့တယ်။ အေးစက်စက် သူတို့ရဲ့ စကားဝိုင်းက
တဖြေးဖြေးနွေးထွေးလာခဲ့တယ်။ သူတို့စကားတွေ အကြာကြီးပြောဖြစ်ခဲ့သလို
သူမရဲ့ အပြန်ကို သူလိုက်ပို့ခွင့်ရခဲ့တယ်။

အဲဒီနောက်ပိုင်း သူတို့မကြာခဏ ချိန်းတွေ့ဖြစ်ခဲ့တယ်။ သူဟာ သဘောထားကြီးသူ၊
ဂရုစိုက်တတ်သူ၊ ကြင်နာတတ်သူ ဖြစ်ကြောင်း သူမသတိထားမိတယ်။ သူဟာ
သူမလိုချင်တဲ့ အချက်အားလုံးနဲ့ ကိုက်ညီနေတယ်။ သူ့ဖိတ်ခေါ်မှုကို
မလွန်ဆန်ခဲ့မိလို့ အခုလို သူနဲ့သိခွင့်ရခဲ့တဲ့အတွက်လည်း
သူမ၀မ်းသာနေမိတယ်။ သူ့ကိုခေါ်ပြီး မြို့အနှံ့ ကော်ဖီဆိုင်မှာ သူတို့
ထိုင်ခဲ့ကြတယ်။ ဆိုင်မှာထိုင်တိုင်း "ဆားပေးပါနော်။ ကျွန်မ မိတ်ဆွေက
ကော်ဖီထဲ ဆားထည့်သောက်တတ်တဲ့ အကျင့်ရှိလို့ပါ" လို့ သူမတောင်းဆိုတတ်တယ်။
အဲဒီလိုနဲ့ ရာဇ၀င်ပုံပြင်ထဲကလို နောက်ဆုံးမှာ မင်းသားနဲ့မင်းသမီး
ညားကြလေသတည်း ဆိုတဲ့အတိုင်း သူတို့ မင်္ဂလာဆောင်ပြီး ပျော်ရွှင်တဲ့
ဘ၀ခရီးကို လျှောက်လှမ်းခဲ့ကြတယ်။ လျှောက်ခဲ့တဲ့ခရီး အနှစ်(၄၀)အကြာမှာ
သူနာမကျန်းဖြစ်ပြီး ကွယ်လွန်သွားခဲ့တယ်။ ပုံပြင်က ဒီမျှပါပဲလို့
အဆုံးသတ်မယ်ဆဲဆဲ သူထားခဲ့တဲ့ စာတစ်စောင်ကို သူမတွေ့လိုက်တယ်။

သူ မဆုံးခင် သူမအတွက် ရေးထားတဲ့ စာတစ်စောင်ပါ။ စာက ဒီလိုရေးထားပါတယ်။

"နင့်ကိုတောက်လျှောက် လိမ်လာခဲ့တဲ့ ငါ့ကို ခွင့်လွတ်ပေးပါ။ ပထမဆုံးအကြိမ်
ငါတို့ ကော်ဖီအတူတူ သောက်ခဲ့ကြတာကို နင်မှတ်မိသေးလား။ အဲဒီတုန်းက
ငါဘာပြောလို့ ဘာလုပ်ရမှန်းမသိ ဖြစ်ခဲ့တယ်။ ဘာအတွေးတွေ ရပြီး
စားပွဲထိုးကို ဆားယူခိုင်းမိလိုက်သလဲ မသိဘူး။ ကော်ဖီထဲ ဆားထည့်သောက်တဲ့
အကျင့် မရှိပေမဲ့ နင့်ကိုငါ လိမ်ညာခဲ့တယ်။ အဲဒီလိမ်ညာခြင်းကို
နင်စိတ်ဝင်စားခဲ့လို့ ဆားထည့်ထားတဲ့ ကော်ဖီကို ဘ၀ထက်ဝက်ဆာလောက်
ငါသောက်ခဲ့ရတယ်။ အဖြစ်မှန်ကို ပြောပြဖို့ ငါအကြိမ်ကြိမ်
ကြိုးစားခဲ့ဖူးတယ်။ ဒါပေမဲ့ နင်စိတ်ဆိုးမှာ၊ နင်ငါ့ကို ခွဲသွားမှာ
ငါအရမ်းကြောက်ခဲ့မိတယ်။

အခု ငါသွားရတော့မယ်။ နင်စိတ်ဆိုးမှာကို ငါမကြောက်တော့ဘူး။ သေသွားတဲ့လူကို
အလွယ်တကူ ခွင့်လွတ်ပေးနိုင်မယ် မဟုတ်လား.. ဒီဘ၀မှာ နင်နဲ့
ပေါင်းဖက်ခွင့်ရတာ ငါအတွက် အကြီးမားဆုံးသော ပျော်ရွှင်ခြင်းပဲ။
နောင်ဘ၀သာရှိမယ်ဆိုရင် နင်နဲ့ငါ ထပ်ဆုံချင်သေးတယ်။ ဒါပေမဲ့ ဆားခတ်ထားတဲ့
ကော်ဖီကိုတော့ ငါမသောက်ချင်တော့ဘူး။ ဆားခတ်ထားတဲ့ ကော်ဖီက သောက်ရ
တော်တော်ခက်တယ်ဆိုတာ နင်မသိဘူး မဟုတ်လား... ဒါပေမဲ့ နင့်ကို
ချစ်တဲ့စိတ်နဲ့ ကော်ဖီထဲ ငါဆားထည့်သောက်ခဲ့မိတယ်"

စာကိုဖတ်ပြီး သူမ တုန်လှုပ်သွားခဲ့မိတယ်။ အလိမ်ညာ ခံလိုက်ရပါလားလို့လဲ
ခံစားမိတယ်။ သူ မကြားနိုင်တော့တဲ့ စကားတစ်ခွန်းကို သူမ တိုးတိုးလေး
ရေရွတ်လိုက်မိတယ်။ " ကျွန်မကို ချစ်တဲ့စိတ်နဲ့ သူ့ကိုယ်သူ
ဒီလိုလိမ်ညာခဲ့တယ်။ ကျွန်မ ကျေနပ်ပါတယ်"

ပြီးပါပြီ

ဆားခတ်ထားတဲ့ ကော်ဖီတစ်ခွက်ထဲမှာ အချစ်ဘယ်နှစ်စ ပါနေသလဲ... ? အချစ်ဆိုတာ
တိုင်းတာချိန်တွယ်လို့ ရတဲ့အရာ မဟုတ်ပါဘူး။ လိမ်ညာခြင်းဆိုတာ
ခွင့်မလွတ်နိုင်တဲ့ အပြစ်တစ်ခုတဲ့။ တစ်ချို့လိမ်ညာခြင်းက ဘ၀တစ်ခုကို
ပျက်သုန်းစေခဲ့တယ်။ တစ်ချို့လိမ်ညာခြင်းက ဘ၀တစ်ခုကို အပျော်တွေနဲ့
ပြီးဆုံးစေခဲ့တယ်။ သင်ကော ဘာတွေလိမ်ညာခဲ့သလဲ.. ဘာတွေ
အလိမ်ညာခံခဲ့ရဖူးသလဲ..