လာလည်ကြတဲ့ သူငယ်ချင်းများအားလုံး မင်္ဂလာအပေါင်းနှင့် ပြည်စုံကြပါစေ...

Saturday, October 23, 2010

လှည့်စားသူ


ချစ်တယ်ဆိုတဲ့
စကားလေးနှစ်ခွန်းကိုပြောဖို့
နင့်နှုတ်ခမ်းက ဆွံ့အမယ်မှန်း
ငါမသိခဲ့ဘူး..
ကောင်မလေးရယ်..
ကမ္ဘာဦးအစက
ဘာမှနားမလည်တဲ့….
အာဒံရဲ့ချစ်သူ
ဧ၀ကတောင် အာဒံကိုချစ်တယ်လို့
နှုတ်ကမပြောခဲ့ပေမယ့်…
အမူအရာတွေနဲ့ပြခဲ့သေးတယ်လေ..
နင်ကတော့…
င့ါကို….
ချစ်တယ်ဆိုတဲ့အမူအရာလေးတောင်
မပြခဲ့ပါလား…
ကောင်မလေးရယ်
မချစ်နိုင်ရင်နေပါ..
မလှည့်စားပါနဲ့….
နင့်ရဲ့အယောင်ဆောင်ကြင်နာမှုတွေက
ငါ့အတွက်တော့…
နာကြင်မှုတွေပဲဖြစ်စေလို့ပါ…..