လာလည်ကြတဲ့ သူငယ်ချင်းများအားလုံး မင်္ဂလာအပေါင်းနှင့် ပြည်စုံကြပါစေ...

Saturday, January 1, 2011

ချစ်သူအပြုံး

ချစ်သူ့အပြုံးထဲမှာ
ဖြူစင်တဲ့နှလုံးသားနဲ့
ရိုးသားတဲ့ ချစ်ခြင်းတရားတွရှိတယ်။
ချစ်သူ့အပြုံးထဲမှာ
ချိုသာတဲ့စကားလုံးတွေနဲ့
နွေးထွေးတဲ့ ကြင်နာခြင်းတွေရှိတယ်။
ချစ်သူ့အပြုံးထဲမှာ
ဂရုစိုက်မှုအပြည့်နဲ့
နူးညံ့တဲ့အထိအတွေ့တွေရှိတယ်။
ချစ်သူ့အပြုံးထဲမှာ
တစ်သက်စာ မျှော်လင့်ခြင်းနဲ့
နောက်ပြန်မဆုတ်တဲ့ အချိန်တွေ ရှိတယ်။
ချစ်သူ့အပြုံးထဲမှာ သံဃောဇဉ်အနှောင်အဖွဲ့နဲ့
တွယ်ငြိနေတဲ့ ငါ့နှလုံးသားရှိတယ်။