လာလည်ကြတဲ့ သူငယ်ချင်းများအားလုံး မင်္ဂလာအပေါင်းနှင့် ပြည်စုံကြပါစေ...

Friday, October 24, 2008

ခွဲခွာမှုတိုင်းဟာနာကျင်ရပါတယ်

ခွဲခွာမှုတိုင်းက နာကျင်ရပါတယ်ကွယ်
realistic မဖြစ်ဘူးပဲပြောပြော တရားမရှိဘူးပဲဆိုဆို
ဘယ်လိုနည်းနဲ့ပဲဖြစ်ဖြစ် ချစ်တဲ့သူတွေနဲ့မခွဲချင်ပါဘူး
သေကွဲကိုတော့ဘာမှမတတ်နိုင်ပေမဲ့ ရှင်ကွဲမကွဲအောင် ကိုယ်မရှိဘဲသူတို့မပျော်နိုင် အသက်ဆက်မရှင်နိုင်ဖြစ်ရင် သိပ်ကောင်းမှာပဲလို့ ပက်ပက်စက်စက်ပုပ်တဲ့စိတ်ကြီးနဲ့ တခါတလေ စဉ်းစားမိတယ်
ဒါမှကိုယ့်ကိုထားမသွားကြမှာလေ
မဖြစ်နိုင်ဘူးနော်....
ဘာပဲပြောပြော ပျော်ခဲ့ရတဲ့ ခဏလေးတွေအတွက် ချစ်တဲ့သူအားလုံးကို
ကျေးဇူးတင်ပါတယ်
တူတူရှိနေရင်ရန်ဖြစ်နေတဲ့ ချစ်သူတွေမောင်နှမတွေသူငယ်ချင်းတွေကိုတွေ့ရင် ပြောပြချင်တယ်
သူတို့ဘယ်လောက်ကံကောင်းတယ်ဆိုတာကို
နောက်ပြန်မရတော့မဲ့ လက်ရှိအချိန်ခဏလေးတွေကို တန်ဖိုးထားကြပါလို့
ချစ်သူနှင့်မုန်းသူများအားလုံး တနေ့တော့ ခွဲခွါရမှာက အမှန်တရားတစ်ခုပါ
ဒါကြောင့် လူသားအချင်းချင်း စာနာမှုလေးတွေနဲ့ ချစ်ခြင်းကိုရှုမြင်တတ်ရင်
ပိုပြီးတော့ လူရဲ့ တန်ဘိုးကို လေးနက်အောင် ပြုပြင်သွားကြပါစို့လို့ ဆန္ဒပြုရင်း..........................

No comments: