လာလည်ကြတဲ့ သူငယ်ချင်းများအားလုံး မင်္ဂလာအပေါင်းနှင့် ပြည်စုံကြပါစေ...

Sunday, October 19, 2008

ပုံပြင်လေးတစ်ခု



ဟိုရှေးရှေးတုန်းကလိပ်မိသားစုတစုဟာပျော်ပွဲစားထွက်ဖို့ပြင်ဆင်ကြပါတယ်။
သူတို့ရဲ့ဘ၀ကိုက နှေးကွေးတဲ့လိပ်တွေဟာပျော်ပွဲစားထွက်ဖို့ပြင်ဆင်ရတာလည်း
နှစ်တောင်ကြာပါတယ်တဲ့။နောက်ဆုံးတော့လိပ်မိသားစုအိမ်ကထွက်လာပြီး
သင့်တော်တဲ့နေရာကိုရှာကြပါတယ်။ ထွက်လာပြီး ၂ နှစ်အကြာမှယတော့
သူတို့အတွက်အကောင်းဆုံးနေရာတစ်ခုကိုရှာတွေ့သွားကြပါတယ်။
အဲဒီနေရာကိုသန့်ရှင်းရေးလုပ်တာတို့ပျော်ပွဲစားအတွက်စားစရာတွေကိုခြင်းတောင်းထဲက
ထုပ်ပြီးပြင်ဆင်ရတာကိုတော့ ၆ လအကြာမှာပြီးစီးသွားပါတယ်။
အဲဒီအခါကျမှသူတို့ဆားမေ့ကျန်ခဲ့တာကိုသိလိုက်ရပါတယ်။ ဆားမပါတဲ့ပျော်ပွဲစားက
ဘယ်လိုမှကောင်းနိုင်မှာမဟုတ်ဘူးလို့သူတို့ထင်တယ်။ အဲဒီကိစ္စကိုအကြာကြီးဆွေးနွေးအပြီးမှာတော့
အငယ်ဆုံလိပ်ကလေးကိုအိမ်မှာဆားပြန်ယူဖို့ရွေးချယ်ပြီးတာဝန်ပေးလိုက်ကြပါတယ်။
မိသားစုထဲကအမြန်ဆုံးဖြစ်တဲ့လိပ်ကလေးဟာလူးလှိမ့်ပြီးငိုယိုပါတော့တယ်။
နောက်တော့ကတိတစ်ခုတောင်းပြီးမှသွားမယ်လို့သဘောတူပါတယ်။ ကတိကတော့ဘယ်သူမှ
သူပြန်မရောက်မချင်းအစားအသောက်တွေကိုမစားပါဘူးဆိုတဲ့ကတိပါပဲ။ တမိသားစုလုံးကသဘောတူ
လိုက်တော့မှလိပ်ကလေးထွက်သွားပါတော့တယ်။ ၃ နှစ်ကြာတဲ့အထိလိပ်ကလေးကပြန်ေ၇ာက်မလာပါဘူး။
၅နှစ် ၆နှစ် ၇နှစ်မြှောက်လာတဲ့အခါမှာတော့အသက်မကြီးဆုံးလိပ်ကြီးကဗိုက်ဆာတဲ့ဒဏ်ကိုမခံနိုင်ရှာတော့ပါဘူး။
ဒါကြောင့်သူတော့စညးတော့မယ်လို့ပြောပြီးအသားညှပ်ပေါင်မုန့်ထုပ်ကိုဖွင့်လိုက်ပါတယ်။ အဲဒီအချိန်မှာပဲ
လိပ်ကလေးကသစ်ပင်အနောက်ကနေရုတ်တရက်ထွက်လာပြီးအော်ပြောလိုက်ပါတယ်။
"
တွေ့လား! သားကိုစောင့်ကြမှာမဟုတ်ပါဘူးဆိုတာသိသားပဲ..တော်ပြီးဆားသွားမယူတော့ဘူး"

( လူတချို့ဟာတခြားလူတွေကိုကိုယ်မျှော်လင့်ထားသလိုလုပ်ပေးဖို့စောင့်မျှော်ရင်းနဲ့ပဲ..
ကိုယ့်အချိန်တွေကိုဖြုန်းပြစ်ကြတယ်။ သူများတွေဘာလုပ်သလဲဆိုတာကိုအလေးထားစိတ်ဝင်စားနေရ
တာနဲ့ပဲကိုယ့်အတွက်တောင်ဘာမှမလုပ်ဖြစ်လိုက်ကြဘူး။ ကျနော်လဲအဲဒီထဲကပါနေတယ်ထင်တယ်

No comments: