လာလည်ကြတဲ့ သူငယ်ချင်းများအားလုံး မင်္ဂလာအပေါင်းနှင့် ပြည်စုံကြပါစေ...

Wednesday, October 29, 2008

ကောင်မလေးရဲ့အပြုံးတစ်ပွင့်အတွက် ကျွန်တော်ပန်းတစ်ပွင့်ကြွေကျဘူး၏.....

အချစ်ဆိုတာဘုရားကပေးတဲ့ဆုလဒ်လား ?? Huh? Huh? မေးစရာတွေပြည့်နေတဲ့ လောကကြီးမှာ အသက်ရှင်နေခဲ့တော့လဲ မောနေကတာပေါ့....သူမသိချင်တဲ့အချစ်..ကျွန်တော်လိုအပ်နေတဲ့အတ္တ...
အဲဒါတွေအတွက် ကျွန်တော် ပန်းတစ်ပွင့်ပြိုးဘူး၏ဘယ်သူအတွက်မှမဟုတ်ပါဘူး မင်းအတွက်ပါကောင်မလေးရယ်.....သူမသိတဲ့ အခန်းထဲမှာ စိုက်ထားလို့ဂရုပြုမိမှာတောင်မဟုတ်ပါဘူး
အမြဲပူလောင်နေတဲ့ လောကအတွက် သူကိုတစ်ခုခုဖြေသိမ်ချင်တယ်..ဒါပေမဲ့ ကျွန်တော်ကအရံလူလေ..လိုအပ်မှသုံးပါ..ကျွန်တော်နားလည်ထားပါတယ် ဆိုက်ပရက်လမ်းမှာ .... ဗင်းဆင့် သေဆုံးခဲ့သလိုပဲပေါ့... နှလုံးသားမှာတစ်ခုခုကိုထွေးပွေ့ပြီး ဘယ်သူမှနားမလည်တဲ့ အချစ်ဆိုတာကြီးကို နားလည်ဖို့ကြိုးစားနေမယ်....ကျွန်တော်သေဆုံးနေခဲ့တာကြာပါပြီ....
ကျွန်တော်အတွက်ကဗျာတွေမရှိပါဘူး.. ကျွန်တော်အတွက်အလှအပတရားတွေမရှိပါဘူး... ကျွန်တော်အတွက် သန်းခေါင်ယံတွေပဲ ရှိတယ်..ဒါပေမဲ့ကျွန်တော်ရှာနေမှာပါ...

သူမလျှောက်ခြင်တဲ့ လမ်းထဲမှာ တစ်ကိုယ်ရေတစ်ကာရမျှော်လင့်ခြင်းတွေနဲ့ ဆက်ပြီးတီးနေဦးမယ် ဒီသီချင်းလေတစ်ပုဒ်တော့ကျွန်တော်မှာဆိုခွင့်ရှိမှာပါ...ကောင်းကင်ရေ ဆက်ပြီးအလင်းမဲ့ပါဦး......
ဒဏ်ရာတွေကို အဖတ်မလုပ်ချင်တော့လို့....အင်းမျှော်လင့်ခြင်းတွေထဲမှာကျွန်တော်အိမ်မက်တွေရှိတယ်.. အတွေးတွေထဲမှာ ကျွန်တော်ကတော့မင်းသားပဲလဲ ... စိတ်ကူးယဉ်ခြင်းဆိုတာ တစ်ခါတစ်ခါတစ်လေတော့ အကောင်းဆုံးပဲနော်..ကျွန်တော်ဘ၀အတွက်တော့ကျွန်တော်ကမင်းသားပေါ့.. ဒါပေမဲ့ သူဘ၀အတွက်တော့ ကျွန်တော်ကအရံလူပါပဲ... ချစ်သူကိုချစ်တယ်လို့ပြောတာအပြစ်တစ်ခုတဲ့လား..အဲဒါဆိုအဲဒီအပြစ်ကိုကျေနပ်စွာခံယူမယ်....

ကောင်မလေးရေ မင်းအတွက်ခါးခဲ့လေပြီလား... အဲဒါဆိုမင်းဘေးမှာငါရှိနေသေးတယ်နော်..ကောင်မလေးရေမင်းအတွက်ရူံးခဲ့လေပြီလား အဲဒါဆိုလဲပြန်ထငါရှိနေပေးဦးမယ်...
ကောင်မလေးရေ မင်းအတွက်မှားခဲ့ပြီလား ဘာမှစိတ်ဓါတ်မကျနဲ့ ဘ၀ဆိုတာမှားဘူးမှ သိတာလေ..ကောင်မလေးရေ .........................
မဆုံးနိုင်တဲ့သံသရာခရီးထဲမှာ ကျွန်တော်ချစ်တဲ့သူ့ကို အချိုမိန်ဆုံးချစ်ခြင်းတွေဖန်တီးပေးလှည့်ပါ .. ဗီးနတ်စ်ရဲ့တောင်ပန်တစ်ဆုံလဲ တပ်ဆင်ပေးလိုက်ပါ လိုအပ်ရင်
ကျွန်တော်နှလုံးသားကိုပါယူပါ.. ကျွန်တော်ကောင်မလေးရဲ့မုတ်သုန်ရာသီမှာ နည်းနည်းလေးစိုစွတ်ချင်လို့.......

ကျွန်တော်ဖြတ်သန်းနေကတဲ့ နေစဉ်ဘ၀တွေလိုမျိုးသူမဖြစ်ပါစေနဲ့ သူ့အတွက် ဧဒင်ဥယျာဉ်တစ်ခုဖန်ဆင်းပေးမယ် ကျွန်တော်ကိုတစ်ခြားဘာရာထူးမှမပေးပါနဲ့
ကောင်မလေးအတွက် ပန်းပျိုးသူသာဖြစ်ပါရစေ.... ပန်းပျိုးသူတစ်ယောက်ရဲ့လင်္ကာတစ်ပုဒ်ကိုအများကြီးမခံစားပေးပါနဲ့နည်းနည်းလေးဖြစ်ဖြစ်ပဲစာနာလိုက်ပါ...
အဲဒါဆိုရင် ကျွန်တော်နှင်းဆီတစ်ပင်ဆိုက်ဖြစ်လိပ်မယ်...သူပန်ဖို့ရည်ရွယ်ခဲ့တာပါပဲ.. ပန်ပါစေ... ပန်ပါစေ...

ဒီလိုနဲ့ပဲ အသက်မပါတဲ့ အခန်းထဲမှာ စက်ရုပ်ကိုအသက်သွင်းနေလိုက်တာ.. ကျွန်တော်ကောင်းကင်ပြိုလာခဲ့ပြီပေါ့.....
အင်းထားခဲ့ပါတော့...
သူမရှိတဲ့ နေရာ ..သူမရှိတဲ့နေ့ရက်... သူမရှိတဲ့အချိန်တွေမှာ ကျွန်တော်နှင်းဆီတစ်ပင်ထပ်ဆိုက်တယ်... ဘယ်သူအတွက်မှမဟုတ်ပါဘူး.. ကျွန်တော်အတွက်ပါ...
ဘာမှတော့မဟုတ်ပါဘူး .. ဒီနေ့မနတ်တော့နှင်းဆီတစ်ပွင့်ပွင့်နေလေရဲ့ ကျွန်တော်ဆွေးဆွေးလေးပဲ ကြည့်နေလိုက်တော့တယ်......................

Tuesday, October 28, 2008

ကောင်မလေးရေ.......
ငါ့ဘ၀မှာ မင်းနဲ့ပတ်သက်ပြီး အလွမ်းတွေကိုရခဲ့ပြီးပါပြီ.......
ငါ့ဘ၀မှာ မင်းနဲ့ပတ်သက်ပြီး လူကြမ်းကြီးတစ်ယောက်.......
မဖြစ်ပါရစေနဲ့တော့........

ကောင်မလေးရေ........
ပန်းတွေဝေနေအောင် မင်းပန်ဖို့.......
ငါပျိုးခဲ့ပါတယ်.......
ဒါပေမယ့်မင်းကတော့........
ပန်းလေးတွေရဲ့ နူးညံ့မှုနဲ့......
မထိုက်တန်အောင်.....
သူတို့ကိုနင်းချေခဲ့တယ်နော်.......

ငါ့အတွက်မင်းဘ၀ဟာ.......
ကဗျာတစ်ပုဒ်ဖြစ်ပေမယ့်.........
မင်းအတွက်ငါ့ဘ၀ကတော့......
နတ်ဆိုးတစ်ကောင်ပဲဖြစ်ပါလိမ့်မယ်......

နှလုံးသားကို ခွဲအက်.......
အချစ်တစ်ခုကိုနင်းဖြတ်ပြီး.......
ငါ့နှလုံးသားကို......
စုတ်ပြတ်သတ်သွားအောင်လုပ်ခဲ့တဲ့ မင်းလေးကိုတော့......
ငါဘယ်တော့မှ မေ့လို့ရတော့မှာမဟုတ်ပါဘူး.

Monday, October 27, 2008

ဖြစ်ရပ်မှန်လေးပါ

မိုးတွေအရမ်းရွာတဲ့နေ့တစ်နေ့မှာ ကောင်လေးတစ်ယောက်က ဖုန်းဆက်ရင်း ကောင်မလေး တစ်ယောက်ရဲ့ ဖုန်းကိုမှားပြီးဝင်သွားတယ် ...ကောင်လေးကဖုန်းပြန်ချလိုက်တယ်..

နောက်နေ့ညမှာလဲဒီအတိုင်းပဲမိုးအရမ်းရွာနေတယ် ...ကောင်လေးက ကောင်မလေးဆီကို မနေ့ကဖုန်းမှားသွားတဲ့အတွက် တောင်းပန်ရင်း သူတို့ခင်သွားတယ်..... နောက် ချစ်သူဖြစ်သွားတယ်......မကြာပါဘူး ကောင်မလေးနဲ့ကောင်လေးချိန်းတွေ့တော့ ကောင်လေးက သွားမတွေ့ဘူး.... အဲဒီနောက်မှာ ကောင်မလေးနဲ့ကောင်လေးဆက်ဆံရေးတွေက အရင်တုန်းကလောက် မရင်းနှီးတော့ဘဲ သူစိမ်းနည်းနည်းဆန်သွားတယ် .နောက်တော့ ချစ်သူများနေ့မှာ ကောင်လေးက သူ့ညီမကို ချောကလက်သွားကြွေးတယ်...ဒါကလဲသူ့ညီမက သူ့ကိုကြွေးမဲ့သူမရှိလို့လာကြွေးပါဆိုလို့သွားတာ..... မလာဘူးဆိုလို့..... ဒါကိုသူသိ သွားတယ်.... နောက်တော့ ကောင်လေးကလဲနေမကောင်းဖြစ်လို့ဆေးရုံတက်လိုက်တာနဲ့..
ဆေးရုံကဆင်းအိမ်မှာနားနေတာနဲ့ဘဲ...ကောင်မလေးဆီဖုန်းမဆက်ဖြစ်ဘူး....ဒါပေမယ့် ကောင်လေးဆေးရုံကစဆင်းဆင်းချင်းနေ့မှာတော့ ဖုန်းဆက်ပါသေးတယ်... မရှိဘူးတဲ့ .. နည်းနည်းကြာတော့ဖုန်းဆက်တော့ ကောင်မလေးကိုယ်တိုင်လာကိုင်ပေမယ်... ကောင်လေးဆက်မှန်းလည်း သိရော မရှိဘူးပြောပြီး ဖုန်းချလိုက်တယ်...အဲဒါနဲ့ပဲ ဇာတ်သိမ်းခဲ့ရတယ်....
ကောင်လေးက ကောင်မလေးကိုဘယ်လို တောင်းပန်ရမလဲ......ဘယ်လိုတွေ့ရမလဲဆိုတာ....စဉ်းစားရင်းနဲ့......

Saturday, October 25, 2008

လူကြမ်းလေးအကြောင်းတစေ့တစောင်း

<
လူကြမ်းလေးဆိုတဲ့အတိုင်း လူရိုင်းလေးလို့ထင်လိမ့်မယ်
ငယ်ငယ်တည်းက အထီးအကျန်ဆန်နေပြီး ဘယ်သူမှမပေါင်းချင်တဲ့ကောင်လေးတစ်ယောက်
တစ်ခါတစ်လေ စိတ်ဆိုးလွယ်ပြီး တစ်ခါတစ်လေတော့လည်း တော်တော်နဲ့စိတ်မဆိုးတတ်ဘူး
ု့ အသည်းကွဲတဲ့အကြောင်းတွေကိုပဲအမြဲတမ်းရေးနေတဲ့လူတစ်ယောက်ဖြစ်ပြီးရန်ကုန်မှာ မိသားစုနဲ့အတူ ဘ၀ကို
ကြိုးစားရုန်းကန်နေတဲ့သူတစ်ယောက်ဖြစ်တယ်

21-8-2010

21-8-2010
ပျော်ရွှင်စရာနေ့လေးပါ..............

Friday, October 24, 2008

ခွဲခွာမှုတိုင်းဟာနာကျင်ရပါတယ်

ခွဲခွာမှုတိုင်းက နာကျင်ရပါတယ်ကွယ်
realistic မဖြစ်ဘူးပဲပြောပြော တရားမရှိဘူးပဲဆိုဆို
ဘယ်လိုနည်းနဲ့ပဲဖြစ်ဖြစ် ချစ်တဲ့သူတွေနဲ့မခွဲချင်ပါဘူး
သေကွဲကိုတော့ဘာမှမတတ်နိုင်ပေမဲ့ ရှင်ကွဲမကွဲအောင် ကိုယ်မရှိဘဲသူတို့မပျော်နိုင် အသက်ဆက်မရှင်နိုင်ဖြစ်ရင် သိပ်ကောင်းမှာပဲလို့ ပက်ပက်စက်စက်ပုပ်တဲ့စိတ်ကြီးနဲ့ တခါတလေ စဉ်းစားမိတယ်
ဒါမှကိုယ့်ကိုထားမသွားကြမှာလေ
မဖြစ်နိုင်ဘူးနော်....
ဘာပဲပြောပြော ပျော်ခဲ့ရတဲ့ ခဏလေးတွေအတွက် ချစ်တဲ့သူအားလုံးကို
ကျေးဇူးတင်ပါတယ်
တူတူရှိနေရင်ရန်ဖြစ်နေတဲ့ ချစ်သူတွေမောင်နှမတွေသူငယ်ချင်းတွေကိုတွေ့ရင် ပြောပြချင်တယ်
သူတို့ဘယ်လောက်ကံကောင်းတယ်ဆိုတာကို
နောက်ပြန်မရတော့မဲ့ လက်ရှိအချိန်ခဏလေးတွေကို တန်ဖိုးထားကြပါလို့
ချစ်သူနှင့်မုန်းသူများအားလုံး တနေ့တော့ ခွဲခွါရမှာက အမှန်တရားတစ်ခုပါ
ဒါကြောင့် လူသားအချင်းချင်း စာနာမှုလေးတွေနဲ့ ချစ်ခြင်းကိုရှုမြင်တတ်ရင်
ပိုပြီးတော့ လူရဲ့ တန်ဘိုးကို လေးနက်အောင် ပြုပြင်သွားကြပါစို့လို့ ဆန္ဒပြုရင်း..........................

Thursday, October 23, 2008

သူငယ်ချင်းတို့ေ၇... ဒီစာလေး ဖတ်ပေးပါအုံး....

ဟိုးရှေးရှေးတုန်းက အင်မတန်မှ စိတ်တိုစိတ်ဆတ်တဲ့ ကောင်လေးတစ်ယောက် ရှိသတဲ့။ တစ်နေ့ကျတော့ သူ့အဖေက ကောင်လေးကို အိမ်ရိုက်သံတစ်ထုပ်ပေးလိုက်ပြီး ပြောပါတော့တယ်။ မင်း တစ်ခါစိတ်တိုတိုင်း သံတစ်ချောင်းကို နောက်ဖေးက ၀င်းထရံတိုင်မှာ သွားရိုက်ချေကွာတဲ့။
အဖေက အဲ့ဒီလိုပြောပြီး သံထုပ်ကိုပေးလိုက်တဲ့ ပထမနေ့မှာ ကောင်လေးဟာ ၀င်းထရံတိုင်မှာ သံပေါင်း ၃၇ချောင်းရိုက်သွင်းဖြစ်သွားတယ်။ အဲဒီလိုနဲ့ သူစိတ်တိုတိုင်း သံလေးတွေကို ၀င်းထရံမှာ ရိုက်ရင်းရိုက်ရင်း ကောင်လေးဟာ သူစိတ်သူထိန်းနိုင်လာသတဲ့။ သံရိုက်ချက်တွေဟာလည်း တစ်နေ့ထက်တစ်နေ့ ကျဲလာခဲ့တယ်။ ဒီလိုနဲ့ကောင်လေးဟာ ၀င်းထရံမှာ သံပြေးရိုက်တာထက်စာရင် ဒေါသဖြစ်နေတဲ့စိတ်ကို ထိန်းရတာပိုလွယ်လာမှန်း သဘောပေါက်လာတော့တယ်။
အဆုံးမှာ ကောင်လေးဟာ စိတ်မတိုပဲနေနိုင်တဲ့နေကို ရောက်လာရော။ ကောင်လေးကပြေးပြီး သူအဖေကို သတင်းသွားပို့တယ်.. အဖေရေ.. သားတော့ စိတ်ကို
ထိန်းနိုင်သွားပြီဗျ..
အဲ့ဒီလိုကျတော့ သူအဖေက တစ်မျိုးခိုင်းပြန်ရော.. မင်းကိုယ်မင်း ဒေါသမဖြစ်အောင် တစ်နေကုန်ထိန်းနိုင်ပြီဆိုတာနဲ့ အဲ့ဒီသံတွေကို ပြန်နှုတ်ဦးကွာ။ တစ်နေ့ ထိန်း နိုင်ရင် ညအိပ်ခါနီး တစ်ချောင်းနှုန်းနဲ့ နှုတ်နော်လို့ မှာလိုက်သတဲ့။ ရက်တွေကြာလာတော့ ကောင်လေးက သူအဖေကို ပြောနိုင်သွားတယ်။ အဖေရေ.. သားရိုက်ခဲ့တဲ့ သံတွေအားလုံးကို နှုတ်ပြီး သွားပြီ တစ်ချောင်းမှ မကျန်တော့ဘူး။
သည်အခါအဖေလုပ်တဲ့သူက သားရဲ့လက်ကိုဆွဲပြီး သားရိုက်ခဲ့တဲ့ဝင်းထရံဆီကို ခေါ်သွားတယ်။ တော်တယ်ငါ့သား လို့လည်းဆိုတယ်။ ဒါပေမယ့် သား သေချာကြည့်စမ်း။ ၀င်းထရံတိုင်မှာ အပေါက်တွေဖြစ်ကျန်ခဲ့တယ်နော်။ ဒီဝင်းထရံတိုင်တွေက အရင်တုန်းကလို ချောချောမွေ့မွေ့မဟုတ်တော့ဘူး ဆိုတာ သားမြင်တယ် မဟုတ်လား။ အေး.. သားကစိတ်တိုတိုနဲ့ ပါးစပ်ကပြောချလိုက်တဲ့အခါ တစ်ဖက်သားဆိုတဲ့ဝင်းထရံတိုင်မှာ အခုလိုအမာရွတ်တွေထင်ကျန်ရစ်ခဲ့တတ်တယ် သားရယ်။
အဲ့ဒီလိုပဲလူတစ်ယောက်ကို သားကဓါးနဲ့ထိုးလိုက်တယ်။ ပြီးရင်ဓါးပြန်နှုတ်ပြီး ရှိခိုးတောင်းပန်တယ်ဆိုပါစို့။ သားဘယ်နှစ်ခါပဲရှိခိုးတောင်းပန်ပါစေ။ ဒဏ်ရာနဲ့ အမာရွတ်ကတော့ မလွဲမသွေကျန်ခဲ့မှာပဲ ငါ့သားရယ်..တဲ့။
တကယ်တော့ မိတ်ဆွေသူငယ်ချင်းတွေဆိုတာ အဖိုးတန်တဲ့ရတနာတွေပါပဲ။ သူတို့ဟာ ငါတို့တွေကို ပျော်ရွှင်ရယ်မောစေတယ်။ အားပေးကူညီတယ်။ ဒုက္ခ၊သုခတွေကိုလည်း မျှဝေခံစားကြတယ်။ ရင်ဖွင့်သမျှကို ဂရုစိုက်နားထောင်ပေးတယ်။ ဒါကြောင့်တစ်ခုခုဆိုစိတ်လိုက်မာန်ပါမလုပ်နဲ့။ သူတို့ကိုသံနှုတ်ရာကျန်ခဲ့တဲ့ ၀င်းထရံတွေအဖြစ်မရောက်ပါစေနဲ့။
ကိုယ့်မိတ်ဆွေသူငယ်ချင်းတွေကို ကိုယ်က ဘယ်လောက်ဂရုစိုက်ကြောင်း သူတို့ကိုလည်း သူတို့ရဲ့ မိတ်ဆွေတွေအပေါ် ဂရုစိုက်လာအောင်လုပ်ပေးသင့်ကြောင်းပြောကြားပေးပါ။ ဒါကြောင့်ကိုယ်တိုင်က သူငယ်ချင်းကောင်း မိတ်ဆွေကောင်းအဖြစ် သတ်မှတ်ထားတဲ့သူတွေဆီကို ဒီပုံပြင်လေးကို လက်ဆင့်ကမ်းပါ

Wednesday, October 22, 2008

သိပြီးသားဆိုရင်လဲသည်းခံကြပါ

ကောင်မလေး နှင့် ကောင်လေး တို့သည် လမ်းပေါ်တွင် ၁နာရီမိုင်၁၀၀နှုန်း ဖြင့်
ဆိုင်ကယ်စီးလာကြသည်...

ကောင်မလေး ။ဖြည်းဖြည်းမောင်းပါဟာ ငါကြောက်လာပြီ၊
ကောင်လေး ။ ပျော်စရာကောင်းပါတယ်၊
ကောင်မလေး ။မကောင်းပါဘူး ငါတကယ်ကြောက်လာပြီ၊
ကောင်လေး ။အဲဒါဆိုရင် ငါကိုချစ်တယ် လို့ပြော၊
ကောင်မလေး ။အင်း ငါ နင့်ကို ချစ်တယ်။ အရှိန်ရှော့တော့နော်၊
ကောင်လေး ။အခု ငါ့ကို နောက် ကနေ ခပ်တင်းတင်း ဖက်ထားပေး
ကောင်မလေးက နောက်မှ ကြင်နာမှု များဖြင့်ဖက်လိုက် သည်။
ကောင်လေး ။ နင် ငါ့ဦးထုပ် ကို ယူဆောင်း လိုက်ပါလား၊ ငါ အဲဒီဟာ ကြီး
ဆောင်းရတာ ယားလာပြီ...


နောက်နေ့သတင်းစာထဲတွင် မော်တော်ဆိုက်ကယ်တစ်စီး ဘရိတ်မကောင်းမှု ကြောင့်
အဆောက်အဦထဲ သို့ဝင် တိုက်မိကြောင်း၊ ထိုဆိုက်ကယ်ပေါ်တွင် လူနှစ်ဦး
ပါရှိကြောင်း၊ သို့သော် တစ်ဦး သာ အသက်ရှင် ကျန်ရှိ ကြောင်း ပါ လာသည်။

အမှန်မှာ လမ်းတစ်ဝက်ကတည်းက ကောင်လေးသည် ဘရိတ်ပေါက်နေသည် ကို သိပေသည်၊ သို့သော်
သူ့ကောင်မလေး အားမသိစေချင်ခဲ့၊ ထို့အပြင် ကောင်မလေး ထံမှ ချစ်တယ် ဟူသော
စကား နှင့် ယုယ မှု များကို နောက်ဆုံးအကြိမ်ခံယူ သွားကာ
မိမိသေခဲ့လျှင်ပင်ကောင်မလေး အသက်ရှင်နိုင်ရန်ု ကောင်မလေး အား
သူ့ဦးထုပ်ကို ဆောင်းစေခဲ့သည်။

အကယ်၍သင့်ဘဝတွင် ဤမျှ လောက်ချစ်ရမည့်သူ ရှိပါက ဤစာကို ပို့ပါ...

Tuesday, October 21, 2008

တစ်ခါတစ်ရံ

တစ်ခါတစ်ရံ......ငါဖြစ်ချင်တာ
ရုပ်ရှင်ထဲကလို အတိတ်မေ့ခြင်း......
တစ်ခါတစ်ရံ...... ငါဖြစ်ချင်တာ......
ရုပ်ရှင်ထဲကလို ချစ်သူနှင့်ကြည်နူးနေသော......
ဇာတ်ဝင်ခန်းတစ်ခန်း......
ဘ၀မှာတစ်ခါတစ်ရံတွေများခဲ့ပါပြီ......
တစ်ခါတစ်ရံတွေကုန်ဆုံးပြီး.....
တစ်သက်လုံး မင်းနားမှာနေချင်လိုက်တာ......
ကောင်မလေးရယ်......
မင်းပြောခဲ့တဲ့စကားတွေနဲ့.....
မင်းလုပ်ရပ်တွေကတော့ ကွာခြားလွန်းပါတယ်......
တစ်ခါတစ်ရံမင်းသတိမေ့တတ်လို့လား ချစ်သူရယ်......
ငါ့ကိုမေ့နေတဲ့ မင်းရဲ့သတိတွေကို.....
ငါအော်ခေါ်လို့ရရင် အော်ခေါ်လိုက်ချင်ပါတယ်......
ဘ၀ရောအချစ်ပါ.....
ဝါးမြိုခံလိုက်ရတဲ့ငါ......
အလွမ်းတွေနဲ့ မဆန့်အောင်......
နာကျင်မှုတွေကိုရခဲ့ပြီးပါပြီ.......
နောက်ဆုံးတော့
မင်းကိုဘဲ ငါတောင်းပန်လိုက်ပါရစေ.....
ငါ့ဘ၀ကို မင်းရဲ့နူးညံ့တဲ့စကားလုံးတွေနဲ့ ထပ်မလှည့်စားပါနဲ့

Monday, October 20, 2008

အတူပျော်ဖူးတဲ့ နေ့တွေကို.......
ပြန်သတိရတိုင်း......
အခုချိန် မင်းဘေးမှာ ငါမရှိတာကိုတွေးရင်း......
ဝမ်းနည်းမိတယ်......

ဝေးခဲ့ဖူးတဲ့ အကြောင်းတွေကို.......
ပြန်တွေးမိတိုင်း......
ရင်နာနာနဲ့ စွန့်လွှတ်ခဲ့တဲ့ချစ်သူကို......
ပြန်လည်တမ်းတမိတယ်.......

အခုတစ်ခါ......
ပြန်တွေ့ရတော့မယ်ဆိုတော့.......
မင်းရင်ထဲမှာ ငါမှရှိသေးရဲ့လားဆိုတဲ့အတွေးနဲ့.......
ကြောက်ရွံ့နေမိတယ်.......

ချစ်မိတဲ့ နှလုံးသားကိုဒဏ်ခတ်ပြီး......
အဝေးကိုထွက်သွားလေသူလေးရေ......
မင်းမသိလိုက်ပေမယ့်........
အရမ်းချစ်ခဲ့တယ်ဆိုတာတော့ယုံပါ.......

နင့်ကြောင့်ငါ့ဘ၀ပျက်သွားတာကို.......
ပြုံးပြီးတော့ကြည့်သွားလှည့်ပါဦး......
ငါ့ရင်ထဲက တစ်ဦးတည်းသောအမျိုးသမီးလေးရေ.......

Sunday, October 19, 2008

ပုံပြင်လေးတစ်ခု



ဟိုရှေးရှေးတုန်းကလိပ်မိသားစုတစုဟာပျော်ပွဲစားထွက်ဖို့ပြင်ဆင်ကြပါတယ်။
သူတို့ရဲ့ဘ၀ကိုက နှေးကွေးတဲ့လိပ်တွေဟာပျော်ပွဲစားထွက်ဖို့ပြင်ဆင်ရတာလည်း
နှစ်တောင်ကြာပါတယ်တဲ့။နောက်ဆုံးတော့လိပ်မိသားစုအိမ်ကထွက်လာပြီး
သင့်တော်တဲ့နေရာကိုရှာကြပါတယ်။ ထွက်လာပြီး ၂ နှစ်အကြာမှယတော့
သူတို့အတွက်အကောင်းဆုံးနေရာတစ်ခုကိုရှာတွေ့သွားကြပါတယ်။
အဲဒီနေရာကိုသန့်ရှင်းရေးလုပ်တာတို့ပျော်ပွဲစားအတွက်စားစရာတွေကိုခြင်းတောင်းထဲက
ထုပ်ပြီးပြင်ဆင်ရတာကိုတော့ ၆ လအကြာမှာပြီးစီးသွားပါတယ်။
အဲဒီအခါကျမှသူတို့ဆားမေ့ကျန်ခဲ့တာကိုသိလိုက်ရပါတယ်။ ဆားမပါတဲ့ပျော်ပွဲစားက
ဘယ်လိုမှကောင်းနိုင်မှာမဟုတ်ဘူးလို့သူတို့ထင်တယ်။ အဲဒီကိစ္စကိုအကြာကြီးဆွေးနွေးအပြီးမှာတော့
အငယ်ဆုံလိပ်ကလေးကိုအိမ်မှာဆားပြန်ယူဖို့ရွေးချယ်ပြီးတာဝန်ပေးလိုက်ကြပါတယ်။
မိသားစုထဲကအမြန်ဆုံးဖြစ်တဲ့လိပ်ကလေးဟာလူးလှိမ့်ပြီးငိုယိုပါတော့တယ်။
နောက်တော့ကတိတစ်ခုတောင်းပြီးမှသွားမယ်လို့သဘောတူပါတယ်။ ကတိကတော့ဘယ်သူမှ
သူပြန်မရောက်မချင်းအစားအသောက်တွေကိုမစားပါဘူးဆိုတဲ့ကတိပါပဲ။ တမိသားစုလုံးကသဘောတူ
လိုက်တော့မှလိပ်ကလေးထွက်သွားပါတော့တယ်။ ၃ နှစ်ကြာတဲ့အထိလိပ်ကလေးကပြန်ေ၇ာက်မလာပါဘူး။
၅နှစ် ၆နှစ် ၇နှစ်မြှောက်လာတဲ့အခါမှာတော့အသက်မကြီးဆုံးလိပ်ကြီးကဗိုက်ဆာတဲ့ဒဏ်ကိုမခံနိုင်ရှာတော့ပါဘူး။
ဒါကြောင့်သူတော့စညးတော့မယ်လို့ပြောပြီးအသားညှပ်ပေါင်မုန့်ထုပ်ကိုဖွင့်လိုက်ပါတယ်။ အဲဒီအချိန်မှာပဲ
လိပ်ကလေးကသစ်ပင်အနောက်ကနေရုတ်တရက်ထွက်လာပြီးအော်ပြောလိုက်ပါတယ်။
"
တွေ့လား! သားကိုစောင့်ကြမှာမဟုတ်ပါဘူးဆိုတာသိသားပဲ..တော်ပြီးဆားသွားမယူတော့ဘူး"

( လူတချို့ဟာတခြားလူတွေကိုကိုယ်မျှော်လင့်ထားသလိုလုပ်ပေးဖို့စောင့်မျှော်ရင်းနဲ့ပဲ..
ကိုယ့်အချိန်တွေကိုဖြုန်းပြစ်ကြတယ်။ သူများတွေဘာလုပ်သလဲဆိုတာကိုအလေးထားစိတ်ဝင်စားနေရ
တာနဲ့ပဲကိုယ့်အတွက်တောင်ဘာမှမလုပ်ဖြစ်လိုက်ကြဘူး။ ကျနော်လဲအဲဒီထဲကပါနေတယ်ထင်တယ်

ပေါက်ကရ


တစ်ခါ တစ်လေမှာ လူတွေဟာ ပေါက်တတ်ကရတွေတွေးတတ် ကြပါတယ် ။ အားအားယားယား အလုပ် မရှိတွေးနေကြတာပါ ။ အဲဒီလို ပေါက်တတ်ကရတွေတွေးနေလို့လဲ မဖြစ်သင့်တာတွေဖြစ်လာ တာပေါ့ ။ ခွေးတွေ ၊ ၀က်တွေက ဆာလာရင် စားစရာကို လိုက်ရှာ၊ အနံ့ခံပြီး ရှာစားကြပါတယ် ။ လူတွေကတော့ ဆာလာရင် လိုက်ပြီး အနံ့မခံပါဘူး ၊ ရှာတော့ရှာပါတယ် ။ ဥပမာ ။ ဒီနေ့ဘယ်အိမ်မှာ အလှူလုပ်သလဲ? ။ ဒါမှမဟုတ် ချက်စား ၊ ဆိုင်မှာဝယ်စားကြပါတယ် ။ အဲဒီအထိအေးဆေးပါ ။ အဲ….ဗိုက်ဝ လာတော့ စတွေးပါတယ် ။ ပြဿနာက အဲဒီမှာစတာပါ ။လူတွေဟာ ဗိုက်ဝလာရင် ပြဿနာ ရှာ တတ်ပါတယ် ။ အာဒံ နဲ့ ဧ၀ ကိုပဲကြည့်လေ ပန်းသီး မစားခင်တုန်းက ဘာဖြစ်လို့လဲ ။ အေးဆေးပဲလေ ။ အဲ ဗိုက်လည်းတင်းလာရော ၊ ဇရက်မင်း စည်းစိမ်ကွ ဆိုပြီး နဖူးပေါ်လက်တင်ပြီး စတွေးတော့တာပါပဲ


ဒီနေ့ ဟင်းချက်ရတာ ပင်းပန်းလိုက်တာ ၊ ထမင်းဆိုင်က ဟင်းကြီးကလည်း ဆားပေါ့လိုက်တာ ဘာညာ ပေါ့ ။ မိန်းမရှိရင်ကောင်းမှာပဲ … အဲ ပြဿနာက အဲလို။ တစ်ခုရပြီးရင် မကျေနပ်ပဲ ဆက်..ဆက်..ပြီး တွေးသွားကြတာလေ ။ တခြားဘယ် သတ္တ၀ါကမှ အဲလောက်မတွေးပါဘူး ။ အဲဒါကြောင့်လဲ မာနကြီး နေကြတာပေါ့ ။ အဲလို လိုရာကိုဆွဲတွေးပြီး တော့ ခေါင်းစဉ်ပါတပ်လိုက်သေးတယ် 'အချစ်' တဲ့။ တော် တော်ပေါက်ပေါက်ရှာရှာ တွေးတဲ့လူတွေဗျာ ။ အဟေးဟေး ကျုပ်လဲလူပါပဲ ။ အဲလို အစဆွဲထုတ်ရာ ကို လိုက်သွားကြရင်းနဲ့ ' ရှင်က ကျမ ကိုချစ်လို့လား' ' ချစ်ပါတယ်' ဆိုပြီး အုန်းခြစ်ကြီး ကိုင်ပြလို့လဲမရ ။ 'ကျမကို ချစ်ရင် အင်္ကျီဝယ်ပေး ' ဆိုတော့ ' ငါလည်း ဒါပဲဝတ်တာ' ဆိုပြီး စွပ်ကျယ်ဝယ်ပေးလို့ ကလဲ မဖြစ် ။အဲဒါကြောင့်ပြောတာ ပေါက်တတ်ကရတွေ မတွေးပါနဲ့လို့ ။


အဲဒီလို အစဆွဲထုတ်ပြီး ပေါက်တတ်ကရတွေတွေးတော့ …ကဲ ။ ဥပမာ နယူတန် ဆိုတဲ့သိပ်ပံ ပညာ ရှင်ကိုပဲကြည့် ။ ပန်းသီးတစ်လုံးပြုတ်ကျလာတာကို သူကဗိုက်ဝနေတော့ ပေါက်ကရတွေ တွေးပါလေ ရော ။ ဆာနေတဲ့လူသာဆို စားလိုက်မှာပေါ့ ။ နောက်ပြီး အမှန်ဆိုသူတွေးသင့်တာက ဒီနေ့ပန်းသီး ပေါက်ဈေး ဘယ်လောက်လဲ ။ ဒီပန်းသီးတွေခူးပြီး ဈေးမှာသာ ချရောင်းလိုက်ရ ၊ အရင်းမစိုက်ပဲ အမြတ်ကြီးပါပဲလား ဘာညာပေါ့ ။ ဒါမှမဟုတ် ငါဒီအပင်အောက်လာထိုင်တာကို အပင်စောင့်ရုက္ခစိုး ကမကြိုက်လို့လား ။ အရှင်ရုက္ခစိုးနတ်မင်းကြီးရယ် ကျွန်တော့်သားလေးကိုဗွေမယူပါနဲ့ ၊ ကျွန်တော့် မိန်းမကိုပဲ အတည်ယူပါ ၊ ကျွန်တော့်မှာ နောက်စမောလေး တွေ့နေပါပြီ ..ဘာညာပေါ့…။


ဒါမှမဟုတ် ပန်းသီး ဆိုတော့ ကြာသပတေး၊သောကြာ ၅၆ ကျလာတာက တနင်္လာဆိုတော့ ၂ အဲဒီတော့ ၅၆၂ ဆိုပြီး နီးရာဒိုင်ဆီပြေး ရှိသမျှလေးအောပြီး ရင်ခုန်နေပေါ့ ။ ပေါက်ရင်တော့ စည်ဘီယာ ဆိုင်ထိုင်မယ် ၊ ပန်းကုံးစွပ်မယ် ၊ နိုက်ကလပ်တက်မယ် ၊ 501 ၀ယ်ဝတ်မယ်၊ Dr.Martin ၀ယ်စီးမယ် ပေါ့ ။ အခုတော့ မဟုတ်ပါဘူး ။ ကမ္ဘာကြီးနဲ့ ပန်းသီးပင်က အပြိုင်လွန်ဆွဲရင်း ကမ္ဘာကြီးကပဲ အတွင်း အားကောင်းလို့ နိုင်သွားသလိုလို။ ပြီးတော့ သူကတွေးရုံတင်မက လျှောက်ပြောသွားတော့ အခုနောက် လူတွေ ကဒုက္ခရောက်ရတာပေါ့ ။"ဖိ" ပြီး "စစ်"တဲ့ အဲဒီ "ဖိစစ်" ဆိုတာကြီး မှာနယူတန် ရဲ့ 'ဖက်လော' 'စခန်းလော' ' သတ်လော' တွေသင်ပြီဆို ကျောင်းသားတွေက သူ့ကိုကြိတ်ပြီး စိတ်ဆိုးနေကြတာ သူကတော့ မသိပါဘူး ။ 'ပန်းသီးတစ်လုံး အရင်းသုံး၍ ဂရာဗေတေရှင်နယ်ဖို့စ် ကြပါစို့ 'ဆိုပြီးတောင် အော်ချင်အော်နေမှာ ။


နောက်ရှိပါသေးတယ် အက်ဒီဆင် ဆိုတဲ့လူ ၊ သူ့ဟာသူ ဘာဆင်ပဲဖြစ်ဖြစ်ပေါ့ ။ သူကမီးလုံးတွေ မီး ချောင်းတွေ တွေးပြီးတီထွင်ခဲ့တာ ၊ နယူတန် လောက်တော့ မဆိုးဘူးပေါ့ ။ ဘောလုံးပွဲလေးဘာလေး ကြည့်ရင်တော့ ကျေးဇူးအတင်သား ။ ဒါပေမယ့် ဗျာ ညကိုးနာရီ ချိန်းထားတဲ့ သမီးရည်းစားနှစ်ယောက်ကိုမေးကြည့် အက်ဒီဆင် ရဲ့မီးသီးလိုလား ?လို့ ကောင်မလေးကပြောမှာပေါ့ "ခုနေ အနားမှာရှိရင် ပါးဆွဲ
ရိုက်ပစ်မှာ" လို့ ။ အဲဒီလိုဗျ ။ အမြဲ မကောင်းဘူး ။ ယောက္ခမကြီး ကိုရီးယား ကားကြည့်နေတုန်း အက်ဒီဆင် မလိုပါဘူးဗျာ ။ အလုပ်ကည ၈နာရီပြန်လာတဲ့ လူတစ်ယောက် ၊ ကားမှတ်တိုင်ကနေ အိမ်ကို ၁၅ မိနစ်လောက် လျှောက်ရဦးမှာ၊ ကျန်းမာရေကလဲပေါ်လာပြီ ။ ပတ်ဝန်းကျင်ကိုလည်း အားနာ ရှက်ကလည်းရှက် ၊ အင်ဒီဆင် ကြီးကလည်းရှိနေတော့ သူ့ခမျာ ကွတတ ကြီးနဲ့ပဲ အိမ်ကို မအီမလည်ကြီးပြန်ခဲ့ ရပါလေရော ။ ခင်ဗျားဆိုရင်ကော အဲဒီလူနေရာမှာ အဲဒီ အက်ဒီဆင်ဆိုတဲ့လူကြီးကို ကျေးဇူးတင်မှာလား ? ။ကဲ အဲဒါကြောင့်ပြောတာ ၊ ပေါက်ကရတွေ မတွေးပါနဲ့လို့